မြန်မာ စာပေလောကရဲ့ ဆုံးရှုံးမှုကြီး (ဆရာ အကြည်တော် ကွယ်လွန် ရှာပြီ)

ရုတ်တရက်နှလုံးရပ်သွား​ပြီးနောက် ဆေးဝါးကုသမှု ခံယူနေခဲ့ရသည့် ပြည့်သူ့ အချစ်တော် စာရေးဆရာ အကြည်တော် သည် ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း နီးစပ်သူများ ထံက သိရသည်။

ည​ပိုင်း ၈ နာရီ ၂၃ မိနစ် အချိန်တွင် ကွယ်လွန်သွားခဲ့ ခြင်း ဖြစ်ကြောင်း ၄င်း နှင့် နီးစပ်သူများ ထံက သိရသည်။ စာရေးဆရာ အကြည်တော်သည် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံဆေးရုံကြီး၌ ဆေးကုသနေရခြင်းလည်း ဖြစ်သည်။

အကြည်တော် သည် မြန်မာလူမျိုး ဟာသစာရေးဆရာ ဖြစ်သည်။ နာမည်ရင်းမှာ စောကြည်ဖြူဖြစ်သည်။ အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့မှ မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

စာရေးဆရာအကြည်တော်သည် လေပြွန်ကင်ဆာသံသယကြောင့် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။ အောက်တိုဘာ ၁၃ရက်နေ့တွင် ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ရုတ်တရက်ကျန်းမာရေးဆိုးရွားလာသဖြင့် ပင်လုံဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရင်း ၂၀၂၂ခုနှစ် နိုဝင်ဘာ၉ရက် ည ၈နာရီမိနစ်၂၀ကျော်တွင်ကွယ်လွန်သွားခဲ့သည်။

သူမကွယ်လွန်မီ လအနည်းငယ်က ကိုယ်တိုင်ရွတ်ဆိုထားသည့် ကဗျာနှင့်ဂီတ ပေါင်းစပ်ထားသော ကဗျာဂီတအယ်လ်ဘမ်ကိုထုတ်ဝေခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page