သီပေါမင်း ပါတော်မူတဲ့နေ့နဲ့ ပတ်သက်ပြီး လူတိုင်း မသိသေးတဲ့ အချက်အလက် (၁၀) ခု

ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်း ပါတော်မူခဲ့တဲ့ နေ့နဲ့ ပတ်သက်ပြီး လူတိုင်း မသိသေးတဲ့ အချက်အလက် (၁၀) ခု အကြောင်းကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်-

၁။ ပါတော်မူချိန် သီပေါမင်းအသက် – ၂၆ နှစ် (ဇန်နဝါရီ ၁ ရက်နေ့တွင် ၂၇ နှစ်ပြည့်မည်) ၂။ ပါတော်မူချိန် စုဖုရားလတ်အသက် -၂၅ နှစ် ( ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ၂၆ နှစ် ပြည့်မည်‌) ၃။ ဗိုလ်ချုပ်ပရင်ဒါဂတ် စီးနင်းလိုက်ပါလာသော ဖလုတ်စီးတီးသင်္ဘော မန္တလေးဆိပ်ကမ်းသို့ ဆိုက်ရာက်သောရက်နှင့် ဆိုက်ရောက်ချိန် – ၁၈၈၅ နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီ

၄။ သီပေါမင်းကို ပထမဆုံး လက်ဆွဲနှုတ်ဆက်ခွင့်ရသူ – ဗိုလ်ချုပ်ပရင်ဒါဂတ် ၅။ သီပေါမင်းနှင့် မိဖုရား တို့အပါအဝင် မြန်မာဘုရင်မိသားစုကို ရန်ကုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် သင်္ဘောအမည် -သူရိယသုံးထပ်သင်္ဘော ၆။ သီပေါမင်းမိသားစု နန်းတွင်းမှ စတင်ထွက်ခွာသောနေ့နှင့် အချိန် – ၁၈၈၅ နိုဝင်ဘာ ၂၉ ရက် ညနေ ၄ နာရီ (ပါတော်မူနေ့)

၇။ သီပေါမင်းမိသားစု ဆိပ်ကမ်းသို့ ရောက်ချိန် – ၁၈၈၅ နိုဝင်ဘာ ၂၉ ရက် ညနေ ၆ နာရီကျော် ၈။ မြန်မာဘုရင်မိသားစုကို ဖမ်းဆီးတင်ဆောင်လာသော သင်္ဘော၏ မန္တလေးမှ ရန်ကုန်သို့ ခုတ်မောင်းကြာချိန် – ၅ ရက်‌

၉။ မြန်မာဘုရင်မိသားစုကို ရန်ကုန်မှ အိန္ဒိယသို့ သွားမည့် သင်္ဘောအမည် – ကဲန်နင်းသင်္ဘော ၁၀။ မြန်မာဘုရင်မိသားစု မြန်မာပြည်မှ အိန္ဒိယပြည်သို့ ခေါ်ဆောင်သွားသော ရက်စွဲ – ၁၈၈၅ ဒီဇင်ဘာ ၁၀ ရက်။ (Yaza Min Htwe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page