ကားဈေး တရားဝင်ပြောရင် ငရဲကြီးမယ်လို့ ထင်နေကြတဲ့ မြန်မာပြည်ထုတ် ကားကုမ္ပဏီများအကြောင်း

မြန်မာပြည်ထဲရောက်နေတဲ့ ကားတွေအများစုက တရားဝင်ကုမ္ပဏီဘက်ကချပေးတဲ့ ပေါ်လစီလား၊ ဖြန့်ချိသူတွေ၊ ရောင်းတဲ့တွေကပဲ မြန်မာပြည်မှာလုပ်ချင်တာလုပ်နေတာကြောင့်လားတော့ မသိ။ ကားသာရောင်းတယ် ပေ့မှာရော ဝက်ဘ်ဆိုက် မှာပါ ဈေးတစ်ခါထဲ မတင်ပေးထားတာက များတယ်။

ပို့စ်မှာမပါလို့ ကွန်းမန့်ထဲနေ ဈေးမေးရင်လည်း တန်းဖြေဖို့ထက် စီဘီခေါ်တာ ဖုန်းနံပါတ်ချန်ခဲ့ခိုင်းတာပဲများတယ် တန်းဖြေတယ်ဆိုတာ ခပ်ရှားရှား၊ တချို့ပေ့တွေက မက်ဆင်ဂျာမှာ ချက်ဘော့ လုပ်ပေးထားပီး ဈေးတွေ တန်းဖြေပေးပေမယ့် တချို့တွေက စီဘီထိ တကူးတကသွားမေးနေတာကိုတောင် ဖုန်းနံပါတ်ချန်ခဲ့ပေးပါ။ ဆက်သွယ်ပေးပါမယ် လုပ်နေသေးတာ။

ဖုန်းဆက်လာတော့လဲ ကားကဈေးရယ် ဝယ်လို့ရမယ့်အချိန်ရယ် ရရင်ရမယ် မရရင် မရဘူး ဖြေပေးရမှာကို အရစ်တွေရှည်ပီး ပရီအော်ဒါမှာထားတဲ့သူတွေထဲမှာ အမြတ်ပေးမယ်ဆိုရင် ပြန်ရောင်းမယ့်သူတွေရှိတယ် စိတ်ဝင်စားလားဆိုပီး MSRP ထက် ကျော်ရောင်းဖို့အတွက် ဂွင်လေးတွေကလဲ ရိုက်သေးတယ်။

အဲ့ အပြင်ကိုယ်ရောင်းနေတဲ့ ကားရဲ့ အသေးစိတ်အချက်အလက် အတိအကျကိုလဲ တင်ပေးဖို့က တော်တော်ပြောယူရသေးတာ၊ ဝက်ဆိုက်လဲ ဒီနေ့ထိ သေချာမထောင်ကြဘူး တစ်ကမ္ဘာလုံးမှာက အပ်ကနေ လေယာဉ်ပျံအထိ ဝက်ဆိုက်မှာ အသေးစိတ်အချက်အလက်ကို ပီဒီအက်ဖ်ဖိုင် နဲ့ ဒေါင်းလုတ် တန်းလုပ်ပီးကြည့်လို့ရအောင်လုပ်ပေးနေပြီ။

ရန်ကုန်မြို့နဲ့ ၃၇၉ မိုင်ထဲ လေယာဉ်စီးရတဲ့ ဘန်ကောက်မှာတော့ အာဆီယံဒေသတွင်းနိုင်ငံချင်းတူတာတောင် ကမ္ဘာခြားနေသလိုပဲ မာစီဒီး၊ အော်ဒီ၊ ပေါ်ရှေးလို ကမ္ဘာကျော် နာမည်ကြီးတွေက အစ အသေးစိတ်အချက်လက်အနဲ့ ဈေးနှုန်းကို ဝက်ဆိုက်တွေမှာ ဒေါင်းလုတ်လုပ်နိုင်အောင်လဲ ပေးထားသလို အရောင်းပို့စ့်တွေမှာလဲ MSRP ကို တစ်ခါထဲရေးပေးထားတယ် (သူတို့က ငွေဈေးတည်ငြိမ်လို့ ဘတ်နဲ့ရေးပေးနိုင်ပေမယ့် ကိုယ့်နိုင်ငံမှာက အမေရိကန်ဒေါ်လာ လောက်နဲ့ရေးပေးရင်တောင် အဆင်ပြေပါတယ်)

မြန်မာပြည်မှာက ထိုင်းက ပေါ်ရှေးလို ကမ္ဘာကျော် တံဆိပ် မပြောနဲ့ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ မူဆယ် တစ်ဖက်ကမ်းနိုင်ငံက ထုတ်တဲ့ အရင် ၁၀၀၀ဖိုး ၃ စီး ၄ စီး ကားတွေကတောင် ဈေးနှုန်းကို ပွင့်လင်းမြင်သာအောင်မရေးပေးထားပဲ လုပ်နေတာက ဂျင်းထည့်ချင်လို့လား၊

မြန်မာနိုင်ငံသားတွေကိုပဲ အထင်သေးတဲ့စိတ်နဲ့ နှိမ်ထားတားလား၊ ဈေးမေးတဲ့ ကွန်းမန့် များတိုင်း၊ လူစိတ်ဝင်စားမှု များပြီး လူပိုမြင်မယ်ဆိုတဲ့ ဉာဏ်ရည်နိမ့်တဲ့ ဈေးကွက်နည်းဗျူဟာအရလား ဆိုတာတော့ လုပ်နေတဲ့ သူတွေပဲသိပါလိမ့်မယ်။ (Eldwin Khant)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page