မြန်မာပြည်ဈေးတွေထဲက ကြောက်စရာ ဖော်မလင်အသုံးပြုမှုကို ရင်ဆိုင် ကာကွယ်ရန် နည်းလမ်းများ

ပြည်တွင်းမှာလည်း ဖော်မလင်စိမ်ပါသည်။ ရှောင်မရမယ့်အတူတူ ဉာဏ်ကူပီးစားပါ ရေ တနာရီစိမ်ရင် ၆၁ ရာခိုင်နှုန်းလျော့၊ ဆားရည် တနာရီစိမ်ရင် ၉၀ ရာခိုင်နှုန်းလျော့၊ ဆန်ဆေးရေ နဲ့ဆေးပြီးရင် ရေထပ်ဆေး ၇၀ ရာခိုင်နှုန်းလျော့၊

အသီးတွေ ဆားရည်နွေး ၁၀ မိနစ်စိမ် ၉၈ ရာခိုင်နှုန်းလျော့၊ အထိရောက်ဆုံးနည်း က ဗီနီဂါ တခွက် (၂၃၆ မီလီလီတာ) ရေ တလီတာ‌ေ၇◌ာပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ စိမ်ရင် ၉၈ ရာခိုင်နှုန်း လျော့ပါတယ်။ (Marry Cho)

အရင်က အဒေါ်က စျေးမှာကြက်သားရောင်းတယ်။ တခါတလေ ရောင်းကုန်တဲ့ ရက်ရှိသလို ရောင်းမကုန်လည်းတဲ့ရက်လည်းရှိတယ်။ ရောင်းလို့မကုန်တော့ အိမ်ပြန်သယ်လာပြီး ရေခဲရိုက်မနက်ပြန်ရောင်းပေါ့။ မနက်ကျတော့ ကြက်က ဖြူပြီးမလတ်ဆတ်တော့ဘူး ဝယ်သူကလည်း မလတ်ဆတ်တဲ့ ပုံပေါက်နေရင်မဝယ်တော့ဘူး။

အဲ့တော့ အိမ်မှာစားရင်စား မစားရင်ပစ်ချဒါပဲရှိတယ်။ တခါတလေ အရင်းရှုံးတယ်။ တနေ့ အဒေါ်အိမ်မှာစျေးသိမ်းချိန် ကြက်သားသွားဝယ်တဲ့အခါ အဒေါ်က ဆေးထိုးအပ်နဲ့ ကြက်ကောင်တွေထဲကို အရည်ကြည်တမျိုးထိုးသွင်းနေတာတွေ့တယ်။ အဒေါ်ကြက်သားပိုလား ပေါင်တခြမ်းနဲ့ ရင်ပုံတခြမ်းလောက်လိုချင်လို့ပြောတော့ အဒေါ်က ဟိုဘက်တောင်းထဲကအကောင်ယူခဲ့ ငါတုံးပေးမယ်လို့ပြောတယ်။

ဒီဟာလည်းတူတူပဲလေ ဒီဟာပဲတုံးပေးလိုက်လေအဒေါ်လို့ပြောတာ ဒီဟာက ဆေးထိုးထားတယ် မစားနဲ့တဲ့ ဟင် ဘာဆေးတွေလည်းဒေါ်လေးလို့မေးတော့ ဖော်မလင်တဲ့ ဖော်မလင်က ဘာဆေးလည်း ထပ်မေးကြည့်တော့ ကြက်သားတွေ အရောင်မဖြူ မပုတ်မြန်အောင်ထိုးတဲ့ဆေးတဲ့ အဲ့ဒါထိုးထားရင် သုံးရက်လောက် ရေခဲရိုက်ပြီး ပြန်ရောင်းလည်းဘာမှမဖြစ်ဘူးတဲ့။

ဟာဒေါ်လေး အဲ့ဒါဆို စားသုံးသူတွေရောဂါရကုန်မှာပေါ့လို့ပြောတော့ တစျေးလုံး ပဲပြားသည်ကအစ ငါးစိမ်းသည်အဆုံးအကုန်ထိုးနေကြတာပဲတဲ့။ ငါ့ကိုတောင် သူတို့နည်းပေးလို့သိတာတဲ့။ ဟာ ဒေါ်လေးအဲ့လိုတော့ စီးပွားမရှာပါနဲ့ ငတ်ရင်ငတ်သွားပါစေ ကိုယ့်မိသားစု ထမင်းတလုပ်အတွက် တပါးသူတွေက ရောဂါခံစားပြီး သေကြမှာတော့ သမီးလက်မခံဘူး ဒေါ်လေးရေပြောတော့။

ညည်းက မနေ့တနေ့ကမှ လူဖြစ်လာတာပါအေ။ တစျေးလုံးအဲ့လိုတွေချည်းပဲ။ ငါးစိမ်းသည်လည်း ရောင်းမကုန်တဲ့ ငါးကြီးတွေကို ဖော်မလင်ထိုးထည့်ပြီး ရေခဲရိုက်ပြန်ရောင်းတယ်။ ငါးလေးတွေကျတော့ စိမ်ပြီးကြာရှည်ထားခံအောင်ဖော်မလင်ရည်တွေနဲ့ ပြန်စိမ်ပြီးရောင်းတယ်။ ပဲပြားသည် ကြက်သွေး ဝက်သွေး မျှစ်ချဉ်အကုန်လုံးက ဖော်မလင်နဲ့မကင်းဘူးတဲ့ အဒေါ်ပြောမှသိခဲ့တယ်။

အဒေါ်လည်းဆုံးသွားတာ နှစ်နှစ်လောက်ရှိပါပြီ။ သူလည်းဝဋ်ကြွေးလို့ပြောရမှာပေါ့ နှလုံးနဲ့သွေးတိုးစဖြစ်တယ်။ ဆေးရုံတင်ထားတာတောင် အစာအိမ်သွေးကြောပေါက်ပြီးဆုံးတယ်။ ဒါကြောင့် စျေးဝယ်ရင် အသီးအနှံအရွက်ဆိုရင် ဆားရေစိမ်ပြီးမှ လေးငါးထပ်လောက် ပြောင်နေအောင်ဆေးပြီးချက်တယ်။ အသားငါးဆိုရင်လည်း ဆားရေနဲ့ပဲ သုံးထပ်လောက်ဆေးပြီးချက်တယ်။

အိမ်က ခြေလေးချောင်းသားမစား အသားလည်းသိပ်မဝယ်ချက်ကြတော့ အသီးအနှံတွေပဲစားတာများတယ်။ ဘာမှမသိရှာတဲ့ မြန်မာပြည်သူပြည်သူသားတွေကတော့ ခံကြပေဦးပေါ့။ စောစောစီးစီး အသက် ၅၀ ၆၀ လောက်နဲ့ သေရဖို့အရေးကို အနာမျိုးကိုးဆယ့်ခြောက်ပါး ကင်ဆာရောဂါဆိုးတွေနဲ့ မသေခင် မိတ်ဆက်သွားကြရရှာပါတယ်။ (Moe Angle)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page