တန်ဖိုးကြီးပြီး ထူးဆန်းတဲ့အစွမ်းရှိတဲ့ ရှားပါးပစ္စည်းများ (သင့်ဘဝကို ပြောင်းလဲသွားစေနိုင်ပါတယ်)

သိန်းထောင်ချီ ရာချီ တန်တဲ့ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းများပါ။ ဒီပစ္စည်းတွေထဲက တခုခုကို သင်ရခဲ့မယ်ဆိုရင်တော့ သင့်ဘဝကြီး ပြောင်းလဲချမ်းသာသွားမှာ ဖြစ်ပါတယ်-

ဝက်စွယ်ဂွင်းပိတ်လို ဆိုပါတယ်။ အစစ်ဆိုရင် ဒုတ်ဒါးပြီးသလို ပီယဘက်လဲ အစွမ်းထက်ပါတယ်။ ပစ္စည်းအစစ်ဆိုရင် တစ်လက်မကို သိန်း ၁၅၀ ကျော်တယ်လို့ သိရပါတယ်။

မိုးကြိုးသွားလို့ ခေါ်ပါတယ်။ ပစ္စည်းစစ်ရင် သိန်းနှစ်ရာအထိ ဈေးပေးရတယ်လို့ သိရပါတယ်။

ငုံးအမြူတေပါ အကုန်ပြီးပါတယ်တဲ့ ဈေးကတော့ မယုံမှာဆိုးလို့ မပြောတော့ပါဘူး။

ကြားသာကြားဖူးပြီးမမြင်ဖူးတဲ့ အံပွားပါ ဒုတ်ကနေ သနပ်အထိ အကုန်ပြီးပါတယ်။ ပိုင်ရှင် ကိုယ်တိုင် လေသနပ်နဲ့ ၁၀ လက်မ အကွာကနေ ပစ်တာကို ကျည်လွဲ ပါတယ်။ ပိုင်ရှင်ကိုယ်တိုင် ကြိုက်တဲ့နည်းနဲ့လာရောက်စမ်းသပ်နိုင်ကြောင်း စိန်ခေါ်ထားပါတယ် (မငိုကြေး သိန်း ၄၅၀၀ ပါတဲ့)

ကျည်လွဲတဲ့ ကျောက်အမြူတေပါတဲ့ ပစ္စည်း အစစ် အမှန်တကယ် အစမ်းသပ်ခံနိုင်ရင် ပေါက်ဈေးမရှိပါ။ ဆိုဈေး ပဲရှိပါတယ်။

အောက်လင်းမီးအိမ်ပါ။ ရေနံဆီ ထည့်ပြီးထွန်းလို့ ပစ္စည်းအစစ်ဆိုရင် တစ်ပတ်အထိ ခံနိုင်ပါတယ်။ ပစ္စည်း စစ်မစစ် စမ်းနည်းကတော့ ကြမ်းပြင် မှာ ဆန်စေ့ကြဲပြီး အုတ်သုံးခဲ ဖိုခနောင့်ဆိုင်ပြီး တစ်နာရီကြာရငိ မီးအိမ် အခြေမှာ ဆန်စေ့လာကပ်ရင် အစစ်ပါ။

အိန္ဒိယဘက်ကလာတဲ့ ရှေးဟောင်းအရုပ်ပါ။ ဓါတ်မီးနဲ့ထိုးရင် မီးမလင်းပါ။ မီးရောင်အောက်ထားရင် သူ့အလိုလို မီးအလင်းရောင် လျော့ကျသွားပါတယ်။ ရှေးဟောင်းပစ္စည်းဈေးကွက်မှာ တန်ကြေးအတော်ရှိပါတယ်။

ဘုရားဆင်းတုတော် မဟုတ်ပါ။ ညာတင်ကုတ်လို့ ခေါ်ကြပါတယ်။ အထက်လမ်းဆရာတွေ အသုံးပြုကြတဲ့အရုပ်ပါ ဆီမီး ပန်း ဆွမ်းတော်ကပ်ရင် မျက်ကွယ်ရာကို လှည့်သွားပါတယ်။ ဘာတွေ အသုံးဝင်မှန်း မသိပေမဲ့ သိန်း ၅၀နီးပါး ဈေးပေးရပါတယ်။ စကစက အရာရှိတွေ အရမ်း ယုံကြည်ပါတယ်။

အင်းဝဘက်က တောင်သူတွေလယ်လုပ်ရင်း ရခဲ့တဲ့အရုပ်ပါ။ အင်းဝခေတ်လောကီပညာတွေ ထွန်းတောက်စဉ်က စီရင်ခဲ့တဲ့အရုပ်ပါ။ ရသေ့ကြောင် (သို့) ဦးမှတ်ကြီးလို့ ခေါ်ကြပါတယ်။ အိမ်တွေမှာ ထားရင် လူကိုခိုက်တတ်ပါတယ်။ လယ်ယာ လုပ်ကိုင်တဲ့ လူတွေ လယ်အစောင့် ယာအစောင့် အဖြစ် ထားခဲ့တဲ့ အရုပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page