ဂမ္ဘီရ ကျောက်ဖြစ်ဂဏန်းအကြောင်း သိကောင်းစရာနဲ့ အစွမ်းထက်မြက်မှုများ

ကျောက်မှဖြစ်သော ဂဏန်းများကို ကျောက်ဂဏန်းဟု အမည်နာမပြုချင်ပါသည်။

အများအားဖြင့် ကျောက်ဂဏန်းများသည် ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်ကြပြီးတော့ ဂဏန်းများသေဆုံးသွားသောအခါတွင် ခန္ဓာကိုယ်မပျက်စီးဘဲ ကျောက်ဖြစ်သွားသော ဂဏန်းများကိုလည်း ကျောက်ဂဏန်းများအဖြစ် သတ်မှတ်နိုင်ပါသည်။

အများအားဖြင့်တော့ ကျောက်ဂဏန်းများသည်လည်း ဂမ္ဘီရဘူမိနွယ်ဝင် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ထိုကျောက်ဂဏန်းများ၏ အသုံးဝင်မှုများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ရပါသည်-

(၁) အပူကြောင့်ဖြစ်ပေါ်တတ်သော အလုံး ၊ အဖု ၊ အကျိတ် ဟူသမျှကို ဆန်ဆေးရည်ဖြင့် ကောင်းစွာသွေး၍ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၂) ရေငတ်ဝမ်းကျ ၊ ဝမ်းကိုက်ရောဂါများ ၊ မိန်းမများ ရာသီလွန်ခြင်း ၊သွေးအန်ခြင်း ၊ သွေးကျခြင်း ၊ နှာခေါင်းသွေးလျှံခြင်းများအတွက် ဆန်ဆေးရည်ဖြင့် သွေး၍သောက်ပေးပါ။

(၃) အပူကြောင့်ဖြစ်သော ဆီးချုပ် ၊ ရိဖြူ ၊ ရိနီ ၊ ရိကျောက်များကို ဆန်ဆေးရည်ဖြင့် သွေး၍သောက်ပါ။ အရက်မူးလျှင် ဆန်ဆေးရည်ဖြင့် သွေးတိုက်ပေးပါ။

(၄) ခွေး ၊ မြွေ ၊ ကင်း စသော အဆိပ်ရှိသည့် သတ္တဝါများ ကိုက်မိပါက အနာဝကို ဆန်ဆေးရည်ဖြင့် သွေးကာ လိမ်းပေးပါ။

(၅) မိန်းမများ ရင်သားအနာဖြစ်လျှင် အနာလုံးပေါ်လျှင် ဆန်ဆေးရည်နှင့် သုတ်ကာလိမ်းပေးပါ။ မီးယပ်နာဖြစ်လျှင် ဆန်ဆေးရည်ဖြင့် သွေး၍သောက်ပါ။

(၆) သွေးပါခြင်း ၊ ကာလချောင်းဆိုးများကို ဆန်ဆေးရည်ဖြင့် သွေးသောက်ပါ။ ချောင်းနက်ဆိုးခြင်းများကို ကျောက်သွေး ၊ သကြား ၊ ဆန်ဆေးရည်ဖြင့်သွေး၍ ရသော ရေဖြင့် ရောနှောကာ သောက်ပေးပါ။

(၇) မီးလောင်လျှင် ဆန်ဆေးရည်ဖြင့် သွေးလိမ်းပေးပါ။

(၈) ယောင်္ကျားများ အူကျလျှင် ဆန်ဆေးရည် ၊ ယမ်းစိမ်း နှင့် သွေး၍ လိမ်းပေးပါ။

(၉) ဝဲနာ ၊ ယားနာ ၊ မျက်စိနာတို့ကိုလည်း ပျောက်ကင်းစေပါသည်။ တညင်းသီးတောက်ခြင်း ၊ မှိုတောက်ခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှ လေထွက်ခြင်း ပျောက်ကင်းပါသည်။

(၁၀) မိန်းမများ သားမဖွားနိုင်ပါက ထိပ်ဝတွင် လိမ်း၍ ပွတ်ပေးပါ။

(၁၁) ကျွဲ ၊ နွား လျှာနာ ခွာနာ ၊ ဝမ်းမသွားလျှင် ဆန်ဆေးရည်ဖြင့် သွေး၍သောက်ပါ။ အပူနာမှန်သမျှ လိမ်းခြင်း ၊ သောက်ခြင်းပြုလုပ်နိုင်ပါသည်။

(၁၂) ခေါင်းမူးလျှင် ဆန်ဆေးရည် နှင့် နားပန်းစတွင် သုတ်လိမ်းပါ။

လင်းညို့တာရာ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page