အမျိုးသား ၁၈ ယောက်နဲ့ တပြိုက်နက်တည်းတွဲပြီး ငွေသိန်း ၈၀၀၀ ကျော်ကို ချူစားခဲ့တဲ့ အမျိုးသမီး

အချစ်လူလိမ်၊ တရုတ်အမျိုးသမီး အိမ်ထောင်ရှိလျက်နဲ့ အမျိုးသား ၁၈ ယောက်ကို တပြိုင်တည်းချစ်ခွင့်ပေးကာ လက်ထပ်မယ်လို့ လိမ်လည်ပြီး ငွေလိမ်တောင်းခဲ့ပါတယ်။

သူမက အတည်လက်ထပ်မယ်လို့ပြောတာကို ယုံကြည်လာစေဖို့အတွက် အလိမ်ခံရည်းစားတွေနဲ့ pre-wedding ဓါတ်ပုံတွေပါရိုက်ပြခဲ့ကာ ရိုက်ချက်ပြင်းပါတယ်။

ရိုးသားတဲ့ အမျိုးသားဒုကြီးခမျာ သူမကိုယွမ် ၂ သန်း (ဒေါ်လာ ၃၀၀,၀၀၀) ပေးလိုက်ရတာပဲ အဖတ်တင်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်သူမကို ရှန်ဟိုင်းရဲဌာနက ဖမ်းဆီးအရေးယူလိုက်ပါပြီ။ သူမပေးတဲ့ငွေတောင်းဆင်ခြေတွေကတော့ အဖေကင်ဆာရောဂါဖြစ်လို့ ဆေးကုဖို့ငွေလို၊ မိတ်ဆွေကို အချုပ်ထဲကထုတ်ဖို့ရာ အာမခံငွေလိုလို့ အရမ်းတန်တဲ့ အိမ်ခန်းလေးကိုတွေ့ထားလို့ ဝယ်ထားချင်လို့အရေးပေါ်ငွေလိုလို့ပါတဲ့။

​ကလေးမလေးက အဖြေပေးတိုင်း ချက်ချင်းမယုံကြနဲ့အုံး ကိုယ့်လူတို့။ ရိုးသားတဲ့အမျိုးသားဒုကြီးအတွက် သနားရင် တခြားလူတွေ သူတို့လို မခံစားရလေအောင် ရှယ်လိုက်ပါနော်။ (Francis Zin)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page