သူဌေးကြီး ဂျက်မားပြောတဲ့ ဆင်းရဲသားတွေ မချမ်းသာရတဲ့ အကြောင်းရင်းများ (ကွက်တိမှန်ပါတယ်)

တရုတ်ပြည်သူဌေးကြီးဂျက်မားရဲ့မှန်လိုက်တဲ့စကားအချို့၊ အခြေခံလူတန်းစားတွေနဲ့ဆက်ဆံရတာ အခက်ခဲဆုံးပဲ၊ သူတို့ကို အလကားပေးကြည့်၊ ဒါဟာ ထောင်ချောက်ပဲလို့မြင်မယ်၊ ရင်းနှီးမြှုပ်နှံမှုအသေးစားလေးလို့ပြောကြည့်၊ ဒါဘယ်လောက်မှ မမြတ်ဘူးဆိုမယ်၊

ဒါဆိုရင်းနှီးမြှုပ်နှံမှုအကြီးစားဆီခေါ်ကြည့်၊ ငါပိုက်ဆံမရှိသေးဘူးပြောမယ်၊ ပစ္စည်းအသစ်နဲ့ မိတ်ဆက်ပေးကြည့်၊ ငါမလုပ်ဖူးဘူးလို့ပြောမယ်၊ မိရိုးဖလာစီးပွားရေး လုပ်ခိုင်းကြည့်၊ ဒါဟာခက်ခဲတယ်လို့ပြောမယ်၊ ပုံစံသစ်စီးပွားရေးလုပ်ခိုင်းကြည့်၊ ဒါဟာ ကြွက်သိုက် (ပိရမစ်) စီးပွားရေးလို လိမ်ဆင်ကြီးလို့ပြောမယ်၊

ဆိုင်အသေးလေး ဖွင့်ခိုင်းကြည့်၊ မလွတ်လပ်ဘူးပြောမယ် ၊ လုပ်ငန်းအသစ်လုပ်ခိုင်းကြည့်၊ မကျွမ်းကျင်ဘူးပြောမယ်၊ အဲလိုလူတွေမှာ လုပ်ရပ်တူအချို့ရှိတယ်၊ အဲဒါတွေက – တစ်ခုခုမလုပ်ခင် ဂူဂဲ မှာအရင်မေးမယ်၊ သူတို့လို မျှော်လင့်ချက်မရှိခြင်း တူတူဖြစ်နေတဲ့ သူ့သူငယ်ချင်းရဲ့စကားကိုနားထောင်မယ်၊

သူတို့တွေးတောတာက တက္ကသိုလ်ပရော်ဖက်ဆာ တစ်ယောက် နီးနီးလောက်မြင့်မားပြီး တကယ်တမ်းအလုပ်လုပ်တာကျတော့ မျက်မမြင်လောက်မများဘူးဖြစ်နေမယ်၊ မင်းဘာလုပ်နိုင်သလဲသူတို့ကိုမေးကြည့်ကြည့်၊ သူဘာဖြေရမလဲ သူကိုယ်သူမသိဘူး၊

ကျနော့်အမြင်ဆိုရမယ်ဆိုရင်- အဲဒီအရာကိုလုပ်ရမှာ စိတ်လှုပ်ရှားမယ့်အစား မြန်မြန်လုပ်ကြည့်ပါလား၊ လုပ်ရင်ကောင်းမလားတွေးနေမယ့်အစား တစ်နေရာက စလုပ်ကြည့်ပါလား၊ အခြေခံလူတန်းစားတွေ ဆင်းရဲတာဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့တစ်ဘဝလုံးက စောင့်ဆိုင်းခြင်းနဲ့ပဲကုန်လွန်သွားကြလို့.. တဲ့ ၊ ဂျက်မား – ဘဝရဲ့ခရီးသည်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page