ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို ဆင်ဆာဖြတ်ပြီး ပြတဲ့ မြန်မာပြည် ရုပ်သံလိုင်း

ယနေ့အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကတော့ ကိုရီးယားနာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ Penthouse ကို မြန်မာပြည်က အကြီးဆုံး ရုပ်သံလိုင်းဖြစ်တဲ့ အမ်အာတီဗီဖိုးက ဆင်ဆာဖြတ်ပြီး ပြသနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုရီးယား ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူတွေကြားမှာ ပြောစရာ ဖြစ်နေကြပါတယ်။ ပရိသတ်တွေရဲ့ မှတ်ချက်တွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

မှတ်ချက် (၁) – Penthouse ကို အမ်အာတီဗီဖိုးမှာ ပြတာကြည့်ပြီး အူတက်နေပါပြီ။ စစလာချင်း အခန်းမှာတင် ၅ ခါလောက်ကို ဆင်ဆာဖြတ်သွားတာ၊ စစလာချင်း ရှင်းဆူယွန်း အင်္ကျီချွတ်တဲ့ အခန်းလဲဖြတ်၊ မင်ဆောအာ တိုက်ပေါ်က ကျတာလဲ ဖြတ်၊ -ဲတာတွေလဲဖြတ်နဲ့ အူတက်နေပြီ။ အဓိကက မင်ဆောအာ တိုက်ပေါ်က ကျတာကနေ ဇာတ်လမ်းဖြစ်လာတာကို အဲ့တာပါ ဖြတ်တယ်ဆိုတော့ကာ Penthouse မကြည့်ဘဲ တရားစခန်းသာ ဝင်လိုက်ကြတော့နော်၊ ရုပ်ရှင်က ၁ မိနစ် ကြော်ငြာက ၁ နာရီ အရမ်းတွေ အားနဲ့မာန်နဲ့ လောင်နေရပါပြီလို့။

မှတ်ချက် (၂) – ကြည့်ပြီးသား ငါတောင် ပြန်ကြည့်တာ လည်သွားတယ်။ ဘယ်ကနေ ဘယ်အခန်း ရောက်သွားမှန်း မသိ၊ မပြခင်ရင်လည်း အစောကြီးထဲက မလွှင့်နဲ့လေ ဪ။

မှတ်ချက် (၃) – ဆင်ဆာမဖြတ်ပဲနဲ့တောင် တိုင်တွေ ပတ်ခဲ့ကြတာ၊ ဖြတ်ပြီး ကြည့်တဲ့သူတွေ တိုင်တောင် ဘယ်လိုပတ်ကြမတုန်း။

မှတ်ချက် (၄) – အိမ်ကအမေကို ဒီကားလုံးဝ မကြည့်ဖို့ တားမှ ရတော့မယ်။ ငါမရှင်းပြနိုင်ဘူး၊ ကိုယ်တကားလုံး သေချာအပိုင်းတိုင်း စောင့်ကြည့်ခဲ့တာတောင် တော်တော် ဦးနှောက်စားခဲ့တာ။

ဆင်ဆာဖြတ်လွန်းလို့ လိုက်မမီတဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းအကျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဟယ်ရာနန်းတော်လို့ခေါ်တဲ့ အထပ်ပေါင်း (၁၀၀) ပါဝင်တဲ့ မိုးမျှော်တိုက်ကြီးမှာနေထိုင်တဲ့ လူချမ်းသာတွေရဲ့အကြောင်းကို အဓိကထားပြီး ပုံဖော်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

ရှင်းဆူယွန်းကတော့ ချမ်းသာတဲ့ မိသားစုမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး ထိုမိုးမျှော်တိုက်ကြီးရဲ့ ဘုရင်မတစ်ပါးပေါ့။ ချောင်းဆောဂျင်ဆိုသူကတော့ ဂန္တဝင်သီချင်းသီဆိုသူဖြစ်ပြီး ချောင်းအာအနုပညာအထက်တန်းကျောင်းဒါရိုက်တာရဲ့သမီးဖြစ်ပြီး လက်ရှိမှာ အဲ့ဒီကျောင်းကို အုပ်ချုပ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အိုယွန်းဟီးကတော့ သာမန်လူတန်းစားဖြစ်ပြီး ချောင်းဆောဂျင်နဲ့ ဇာတ်လမ်းလေးတွေရှိခဲ့ပြီး သမီးအတွက်ဆို အသက်ကိုပင်စွန့်ပြီး ဘာမဆိုလုပ်ပေးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။

ချမ်းသာတဲ့အသိုင်းအဝိုင်းကြီး၊ မျိုးရိုးကြီးကလူတွေရဲ့အားပြိုင်မှုနဲ့ သာမန်လူတန်းစားအလွှာတို့ရဲ့အားပြိုင်မှု၊ ထိုကဲ့သို့ မိဘတွေဆီက ဆင်းသက်လာတဲ့ သားသမီးတွေရဲ့အားပြိုင်မှု၊ ထိုအထဲကမှ မြေစာပင်ဖြစ်ခဲ့ရတဲ့ သနားဖွယ်ရာသူတို့၊ စတာတွေကို အံ့သြမှင်သက်ဖွယ် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး သုံးယောက်ရဲ့ သရုပ်ဆောင်ပုံတွေကလည်း တကယ့်ကို ရင်သပ်ရှုမောဖွယ် သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းလို့ ရင်ခုန်စိတ်ဝင်စားဖွယ် ကြည့်ရူ့ရမှာပဲဖြစ်ပါတယ် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page