ပဟေဠိ ကိုဗစ်ပိုး (သို့) ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ် အိုမာခရွန် မြန်မာပြည်ထဲကို ရောက်နေပြီလား

Omicron အိုမာခရွန်ဟာအခုအချိန်မှာ နိုင်ငံပေါင်း (၃၈) နိုင်ငံမှာပြန့်နှံ့ရောက်ရှိပြီးဖြစ်ပါတယ်။

အခုအချိန်အထိ အိုမာခရွန်ဖြစ်ပြီးသေဆုံးသူမရှိသေးဘူးလို့ WHO ကဆိုပါတယ်။ ယူကေနိုင်ငံမှာ အိုမာခရွန်လူနာစုစုပေါင်း အယောက် (၁၅၀) ရှိသွားပါပြီ။

အိုမာခရွန်ဟာအခုထိ ရောဂါလက္ခဏာပျော့တာကိုတွေ့ရပြီး ကိုဗစ်စလျော့လာမယ့်ရောင်နီလားဆိုတာ ပြောလို့မရသေးပါ။ WHO အနေနဲ့ လူတိုင်းမေးနေတဲ့မေးခွန်းရဲ့အဖြေကိုရဖို့ကြိုးစားနေပါတယ်လို့ WHO emergencies director ဖြစ်သူ Michael Ryan ကဆိုပါတယ်။

သောကြာနေ့အထိ အိုမာခရွန်နဲ့ပတ်သက်ပြီး သေဆုံးမှု ရီပို့မရရှိသေးဘူးလို့ သူက ပြောဆိုတာပါ။ ကျနော်ပြောလိုတာက အရမ်းစိတ်ပူပြီး စိုးရိမ်မနေကြဖို့ပါ။ သို့သော် လက်ရှိကွက်ပျောက်ကာလမှာ သတိနဲ့စောင့်ကြည့်ဖို့နဲ့ လိုလိုပိုပို အိမ်တံခါးလုံအောင် စောင့်ကြဖို့ လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အိုမာခရွန်ဟာ သူ့အရင်ဗီဇကွဲတွေနဲ့ မတူပဲ ထူးခြားချက်တွေ ရှိနေလို့ပါပဲ။ ဒီထူးခြားချက်ကပဲ ကိုဗစ်ကပ်ဆိုးကို သက်သာစေမလား၊ ပိုပြီးကူးစက်ကာ ပိုဆိုးစေမလား မသိရသေးပါ။

အိုမာခရွန်ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဘော့စဝါနာနိုင်ငံကစတွေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိအိန္ဒိယမှာ ခရီးသွားရာဇဝင်မရှိတဲ့ ဆရာဝန်မှာတွေ့ရတာရယ်၊ မလေးရှားရဲ့အိုမာခရွန်ပထမဦးဆုံးလူနာဟာ မလေးရှားကို နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက ဝင်ရောက်လာသူဖြစ်နေတာကြောင့် အိုမာခရွန်ဟာ ထင်တာထက်ပိုပြီးပြန့်နှံ့ပြီးနေပြီ။ မြန်မာပြည်ကို ဝင်ရောက်စပြုပြီးဖြစ်တယ်လို့ သံသယရှိပါတယ်။ လူနာတွေ့မှ သေချာအတည်ပြု confirm လုပ်နိုင်မှာပါ။

ဥရောပမှာ အခုထိ အယောက် (၇၀) တွေ့ထားပါတယ်။ အဲ့ဒီအယောက် (၇၀) ထဲက တစ်ဝက်ဟာရောဂါလက္ခဏာလုံးဝမပြပါ။ နောက်တစ်ဝက်ဟာလည်း ရောဂါလက္ခဏာပျော့ပျော့ mild symptoms ပဲပြပါသေးတယ်။ ဒါက ကြာသပတေးနေ့ ECDPC ဥရောပကူးစက်ရောဂါကာကွယ်ရေးစန်တာရဲ့ အစီအရင်ခံစာရီပို့အရပါ။

အခုထိဥရောပမှာ အိုမာခရွန်ကြောင့်ဆေးရုံတက်ရတာ ရောဂါပြင်းထန်တာ၊ သေဆုံးတာမရှိသေးပါဘူးတဲ့။

ဒီနေရာမှာ လူတွေက ကာကွယ်ဆေးထိုးထားလို့ ရောဂါပျော့တာလားလို့ မေးစရာရှိပါတယ်။ အိုမာခရွန်ဟာကာကွယ်ဆေးကို ဖောက်ကောင်းဖောက်နိုင်တယ်လို့လည်း သံသယရှိပါတယ်။ အိုမာခရွန်နဲ့ပတ်သက်ပြီးယူဆချက်မျိုးစုံဖြစ်နေပြီး စောသေးတဲ့အတွက် ကျနော်မရေးသေးပါ။ သိထားသင့်သလောက်ပဲရေးပါတယ်။

အိုမာခရွန်ဟာ ကာကွယ်ဆေးကို ဖောက်နိုင်သလားဆိုတာလည်း အတိအကျပြောဖို့ စောလွန်းပါသေးတယ်။ သို့သော် ကာကွယ်ဆေးကို မဖြစ်မနေထိုးကြဖို့နဲ့ ကာကွယ်ဆေးအပြည့် နှစ်ကြိမ်ထိုးပြီးရင်တောင် booster dose ကို တတိယအကြိမ် မဖြစ်မနေထိုးထားကြဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျား။

Richard Myo Thant
5-December -2021

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page