ကားကိုင်ထားသူတွေ ဝေခွဲမရဖြစ်နေတဲ့ အခြေအနေနဲ့ ဈေး (၂) မျိုးဖြစ်နေတဲ့ ကားဈေးကွက်
လက်ရှိ ကားစျေးနှုန်း အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ စျေးက (၂) မျိုး ဖြစ်နေတာပါ။
ဥပမာအနေနဲ့ ကားအမျိုးအစားတူ၊ မော်ဒယ်တူ၊ အက္ခရာတန်းတူ၊ အရောင်တူရင်တောင် ပိုင်ရှင်ပေါ်မူတည်ပြီး တချို့က သိန်း ၁၂၀၀ လောက်နဲ့ မနည်းရောင်းနေရချိန်မှာ တချို့က သူ့ကားကို သိန်း ၂၀၀၀ လုံးဝမလျှော့တော့ဘူး လုပ်ချင် လုပ်နေကြတာ။
သဘောက ရောင်းလိုက်ရမယ်ဆို မျိုးမျိုးမြတ်မြတ် ရမယ်၊ မရောင်းရလည်း ဘာမှမဖြစ်ဘူး၊ ဒီတော့ စျေးကို ဇွတ်ဇက် ခေါ်ထားတယ်။ ဒါက ပထမ တစ်မျိုး။
နောက်တစ်မျိုးက တကယ် နီးနီးစပ်စပ် အရောင်းအဝယ်ဖြစ်တဲ့ စျေးပေါ့။ ဒီတော့ အကြံပေးချင်တာက ကိုယ့်ကားကို စျေးသတ်မှတ်မယ်ဆို ကိုယ်ရောင်းချင်ပြီလား၊ မရောင်းချင်သေးဘူးလားဆိုတာ ကိုယ့်ပါကိုယ်ပဲ ပြန်မေးရမှာပါ။
စိတ်ထဲမှာ မရောင်းရလည်း ဘာမှ မဖြစ်ဘူးဆို အမြင့်စျေး ခေါ်ထားလို့ရပါတယ်။ အကယ်လို့ ကားပြောင်းစီးချင်တာ၊ တခြားမှာ ရင်းနှီးမြှုပ်နှံချင်တာစသဖြင့် ငွေဖော်ချင်ပြီဆိုရင်တော့ တကယ် အရောင်းအဝယ်ဖြစ်မယ့် စျေးနဲ့မှ အလုပ်ဖြစ်မှာပါ။ (ကိုထွဋ်ထိပ်) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)