တလနဲ့ ၂ ရက်အတွင်း စိန်လက်စွပ်တွေအပါအဝင် သိန်း ၇၀ ကျော်ဖိုး အလစ်သုတ်တဲ့ အိမ်ဖော်

ဆိုင်မှာ ပစ္စည်းလေးတွေပျောက်ပျောက်နေတာ ဆိုင်ဝန်ထမ်းတွေကလည်း ပိုက်ဆံပျောက်တယ် တိုင်ကြတယ် တစ်ခါမှ မဖြစ်ဖူးဘူး ရောင်းတဲ့ အားကစားအကျီတွေလည်းပျောက်

သူရောက်တာ တလနဲ့ 2 ရက်ရှိပြီ ရောက်ပြီးတစ်လ မပြည့်သေးဘူး ပြန်မယ် တကဲကဲလုပ်နေလို့ မသင်္ကာလို့စစ်ကြည့်လိုက်တာ အားကစားအကျီ 49 ထည် (1,320,000ဖိုး)၊ စိန်လက်စွပ် 2 ကွင်း (သိန်း 40 ကျော်)၊ Platinum လက်စွပ် 1 ကွင်း (6 သိန်းကျော်) တစ်ခြားတိုလီမုတ်စတွေ အများကြီး Body lotion ကအစ စုစုပေါင်း သိန်း 70 ကျော် ဖိုး

မေးတော့လည်း အေးဆေးဘဲ ရဲစခန်းသွားမလားဆိုတော့လည်း အေးဆေးဘဲ မထုံတတ်တေးနဲ့ သူ့အိမ်ကို ဖုန်းဆက်လည်း မအံ့ဩဘူး။

ခေါ်တုန်းက အသက်20 ထမင်းချက်တတ်တယ် ပြောလို့ ရောက်တော့ အသက်လည်းငယ် ပန်းကန်တောင် မဆေးတတ်ဘူး မြစ်ကြီးနားမှာနေတယ် ဆင်ဘိုဘက်မှာလည်း နေတယ်တဲ့။ (Gracy Gracy) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page