လုပ်ချင်ရာ လုပ်နေသူတွေကြောင့် ပျက်စီးတော့မယ့် ပုဂံခေတ် ရှေးဟောင်းအမွေအနှစ် ဘုရားတဆူ

ရှေးဟောင်း အဆောက်အဦးဆိုတာ ပြင်ချင်တိုင်း ပြင်၊ လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ သေချာစွာ ညှိနှိုင်းဆွေးနွေးပြီးမှသာ ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ ယခုလို အလှူရှင် စိတ်ကြိုက် ပုံစံမျိုး လုပ်လို့ မရပါဘူး။

စကစ လက်အောက်ခံ ရှေးဟောင်းသုတေသနဌာနအနေနဲ့ ယခုကိစ္စကို လွယ်လွယ်ကူကူ ခွင့်ပြုပေးခဲ့ပုံ ရပါတယ်။ ပုဂံခေတ် အမွေအနှစ် အဆောက်အဦးတွေအပေါ်မှာ မှန်အမိုးလုပ်တဲ့အပေါ် ရှေးဟောင်း အဆောက်အဦးတွေကို ချစ်မြတ်နိုးတဲ့ ပညာရှင်တွေရဲ့ မှတ်ချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်-

အမိုးအတွက်မှန်ဆိုတော့ အနည်းဆုံးတော့ ၁၂ မီလီမီတာ အထူသုံးပါလိမ့်မယ်။ အဲ့ဒါ အလေးချိန်တွက်မယ်ဆိုရင် တစ်ပေပတ်လည်ကို ၃ ကီလိုဝန်းကျင် အလေးချိန်ရှိတယ်။ အခုဘုရားရဲ့ ပင်မအဆောင်က ပေ ၄၀ x ၄၂ ဝန်းကျင်လောက်ဖြစ်မယ်။

ဒီတော့ ၁၆၈၀ စတုရန်းပေ ရတယ်။ အဲ့ဒီဂဏန်းကို ၃ ကီလိုနဲ့မြောက်တော့ ၅၀၄၀ ကီလိုရတယ်။ တန်ချိန်တွက်မယ်ဆို ၉၀၇ ကီလိုမှာ တစ်တန်။ တစ်တန်မှာ ကီလိုတစ်ထောင်ထားဦး။ အကြမ်းတွက် တွက်မယ်ဆိုရင်ဘဲ ဘုရားပေါ်တင်တဲ့ အလေးချိန်ဟာ တန်ချိန် ၅ တန်ရှိတယ်။ အိုင်ဘင့်တွေ ထပ်ပေါင်းရင် စုစုပေါင်း ၇ တန်ဝန်းကျင်လောက်ရှိမယ်။

အလယ် မဏ္ဏိုင်ကနေထောက်မထားတာတွေ့ပေမယ့် အမိုးစွန်းတွေဟာ တိုက်မနံရံပေါ်တင်ထားတယ်။ နံရံတွေဟာ မှန်အမိုးရဲ့ အလေးချိန်ကိုထမ်းထားရသေးတယ်။ အဲ့ဒါမလုပ်ရဘူး။ သီးခြားကော်လံတိုင်ထောင်ပီး ထောက်မသင့်တယ်။ မဖြစ်မနေ မှန်သုံးရမယ်ဆိုလည်း သုံးပါ။ ဒါပေမယ့် သုံးထားတဲ့ အမိုးဟာ stand alone ဖြစ်ဖို့လိုမယ်။ နံရံတွေကို မမှီခိုသင့်ဘူး။

အခုလုပ်ထားတာက မိုးဒါဏ် ၊ သဘာဝဘေးဒါဏ် ကိုအပြည့်ဝကာကွယ်ပေးတာလည်း မဟုတ်ဖူး။ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ သိပ်ကိုဆောက်ချင်တယ်ဆိုရင်လည်း မူလရှိရင်းဆွဲ ၁၂ ရာစုအဆောက်ဦးနှင့် ကိုက်ညီတဲ့ ဒီဇိုင်းမျိုး သေချာပြင်ဆင်ဒီဇိုင်းဆွဲသင့်တယ်။ ရှေးပုဂံသားတွေဟာ ဘုရားဘေးကပ်ရက်မှာ ပြဿာဒ်ဆောင် ဆောက်တဲ့အလေ့ရှိတယ်။ ဒီတော့ အပေါ်ကမိုးမယ့် အဆောင်ကို မှန်သုံးပီး မြန်မာမှု မြန်မာဟန်လုပ်လိုက်ရင် master piece တောင်ဖြစ်သွားနိုင်တယ်။

ခုဟာက ရွှေဉာဏ်တော် စူးရောက်တာ။ ပဲရစ်မြို့က Louvre Museum ကိုအားကျဟန်တူတယ်။ ပိုက်ဆံလည်းပေါနေတော့ ဘာမှ ချင့်ချိန်စဉ်းစား မနေဘဲ ချကွာဆိုပီး လုပ်ဟန်တူတယ်။ ရှေး/သုမှာ တာဝန်ရှိတယ်။ ကျောင်းတိုက်အတွင်းမှာဆို ဘုန်းကြီးမှာ တာဝန်ရှိတယ်။ အလှူရှင်မှာ တာဝန်ရှိတယ်။ ကန်ထရိုက်တာကလည်း ငွေရတိုင်းမလုပ်ဖဲ သင့်တော်ရာဒီဇိုင်းကို ပြောင်းလဲရေးဆွဲပီး တည်ဆောက်သင့်တယ်။ ဘာဆက်ပြောရမှန်းမသိလို့ ယဉ်ယဉ်ကျေးကျေး ပြောရရင် (ရှေးဟောင်း အမွေအနှစ် ထိခိုက်မှု အကဲဖြတ်ခြင်း) Heritage Impact Assessment ဆိုတာ ဖား-ခရု ပါ။ (Zay Myo Lin)

ပုဂံက မဟုတ်ဘူးထင်တယ် ပြည်၊ သရေခေတ္တရာ၊ တောင်တွင်းကြီး၊ ဗိဿနိုးဖက်က အဆောက်ဦးတစ်ခုခု ဖြစ်မယ်။ ပုဂံထက်တောင် ရှေးကျပါတယ်။ ဖောင်ဒေးရှင်းနဲ့ နံပတ်လည်က အစတည်းက ပြင်ပြီးသားထင်ပါရဲ့။ အမိုးကို ကွက်တိမမိုးပဲ အပြင်ကနေ ဆင်ဝင်လို ကားဂိုထောင်လို အမြင့်ကြီး အလွတ်ကြီးဆောက်တာကမှ သင့်တော်ဦးမယ်။

ပုဂံမှာ ဘုရားကို ပြဿာဒ်မိုးတဲ့ ဒီဇိုင်းတွေရှိတယ် လေ့လာပြီး အတုယူသင့်တာ ခွင့်ပြုမိန့်ပေးတဲ့ ရှေးဟောင်း သုတေသနဌာနနဲ့ ပြုပြင်ဖို့ ဦးဆောင်တဲ့ဆရာတော်ကို ဖျက်ဆီးသူစာရင်း သွင်းလိုက်ပါ ကန်ထရိုက်ကတော့ အစွယ်ဖြတ်တဲ့ မုဆိုးအဆင့်ပါ။ (ဆန်းကျော်စွာဝင်း)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page