“အရာရာ မင်းအလိုတိုင်းပါ It’s Ok” လို့ ပြောလိုက်တဲ့ လွှမ်းပိုင် (လွှမ်းပိုင် အသည်းကွဲပြပြီ)

လူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ လူငယ်အဆိုတော် လွှမ်းပိုင်ကတော့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ သူ့ရဲ့ သီချင်းဟောင်းတပုဒ်ဖြစ်တဲ့ “It’s OK” သီချင်းကို ဗားရှင်းပြောင်းလဲတီးခတ်ပြီး ယနေ့ညနေမှာ တင်လိုက်တာကို တွေ့ရပါတယ်။

လူငယ်အဆိုတော် လွှမ်းပိုင်နဲ့ သူ့ရဲ့ ချစ်သူ ထက်ထက်တို့ (၁၃) နှစ်ကြာ ချစ်သူ ဖြစ်ခဲ့ပြီး နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီဆိုတဲ့ အကြောင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အဆိုတော် လွှမ်းပိုင်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ တင်ခဲ့တာ ဖြစ်ပါတယ်။ လွှမ်းပိုင် တင်ပြီး သိပ်မကြာခင်မှာပဲ ထက်ထက်ရဲ့ အကောင့်မှာလည်း လမ်းခွဲခဲ့တဲ့အကြောင်း တင်ထားခဲ့ပါတယ်။

ထင်ရာကောက်ချက်ချပြီး လိုရာဆွဲရေးတဲ့ သတင်းတွေကြောင့် မလိုအပ်တာတွေ မဖြစ်စေချင်ဘူးလို့ လွှမ်းပိုင်က မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ပရိသတ်အများစု ကတော့ လွှမ်းပိုင်နဲ့ ဒယ်လီတက်စီ ရုပ်ရှင်ကားမှာ အတူတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် နော်ဖောအယ်ထား ကြောင့် ယခုလို ဖြစ်ရပ်တွေ ဖြစ်သွားခဲ့တာလို့ တထစ်ချ ယုံကြည်နေကြပါတယ်။

ချစ်သူသက်တမ်း (၁၃) နှစ်ကြာအောင် လျှောက်လှမ်းခဲ့ပြီးမှ ယခုလို လမ်းခွဲခဲ့တာ ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ ဝမ်းနည်းနေကြတယ်လို့လည်း သိရပါတယ်။ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ ဘဝဟာ လူအများ စိတ်ဝင်စားကြတာကြောင့် ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့လို့ လွှမ်းပိုင်နဲ့ ထက်ထက်တို့က လမ်းခွဲတဲ့အကြောင်း ရေးထားတဲ့ ပို့စ်တွေကို ပြန်လည်ဖျက်ပစ်ခဲ့ပါတယ်။

ယနေ့မှာတော့ အဆိုတော် လွှမ်းပိုင်ဟာ သူ့ရဲ့ နာမည်ကြီးသီချင်းတပုဒ်ကို လူမှုကွန်ရက်အကောင့်မှာ တင်လာတာကြောင့် သူ့ချစ်သူဟောင်း ထက်ထက်ကို လွမ်းများ လွမ်းနေတာလား၊ ပန်းနုသွေးနေတာလားဆိုတာကတော့ အဆိုတော် လွှမ်းပိုင် တယောက်တည်း သိတဲ့ အဖြေတခုပါပဲ။ ချစ်သူတိုင်း သက်ဆုံးတိုင် လက်တွဲနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page