နိုင်ငံခြားသားတွေကိုပါ ဒဲ့ငွေညှစ်နေတဲ့ ရန်ကုန်လေဆိပ် (လေဆိပ်လား အလှူခံဌာနလား မသဲကွဲတော့ဘူး)

မြန်မာပြည်ကတော့ ခက်နေပြီ။ ဒီညနေ ကျွန်တော်မိတ်ဆွေ ဂျပန်ကြီးကို လေဆိပ်လိုက်ပို့ပြီး ပြန်လာတော့ သူ့ဆီက မက်ဆေ့လေးဝင်လာတယ်။

လေဆိပ်အပေါက်က လုံခြုံရေးမှာ သူ့သေတ္တာကို ဖွင့်ကြည့်ပြီး အထဲမှာ မိတ်ဆွေတစ်ဦးကပေးတဲ့ သီဟိုဠ်စေ့ လက်ဆောင်ထုတ် အထုတ်သေးလေး ၁၀ ထုတ်ကို ပြပြီး တစ်ထုတ်ပဲ ယူဆောင်ခွင့်ရှိကြောင်း ပြောလာတဲ့အတွက်

သူက ကျန်တဲ့ ၉ ထုတ်ကို ထားခဲ့မယ်ဆိုတဲ့ အကြောင်း ပြောတော့ တာဝန်ရှိသူတွေက ရယ်ပြီး money money လို့ပြောလာတဲ့အတွက် သူလည်း အာရုံနောက်လို့ အဲဒီမှာ ရှိနေတဲ့ ယောကျာ်းလေး ၄ ယောက်နဲ့ အမျိုးသမီးတစ်ယောက် စုစုပေါင်း ၅ ယောက်ကို ကျပ်ငွေ ၅၀,၀၀၀ ပေးလိုက်ပါတယ်။ (၈-၁၂-၂၀၂၂ ညနေ ၅ နာရီ ခန့် သေတ္တာ အနီ နဲ့ ဂျပန်လူမျိုးဆီက ဖြစ်စဉ်ပါ)

လေဆိပ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဝင်ပေါက် ထွက်ပေါက်ဖြစ်လို့ နိုင်ငံခြားသားအပါအဝင် အများသူငှာ အသုံးပြုကြတဲ့နေရာဖြစ်လို့ အထူးသတိပြုဆောင်ရွက်သင့်ပါတယ်။ ဂျပန်တစ်ယောက်အတွက် မြန်မာငွေ ၅ သောင်းဆိုတာ တန်ဖိုးအနေဖြင့် ဘာမှမဖြစ်လောက်ပေမဲ့ မြန်မာပြည်အပေါ် ခံစားလိုက်ရတဲ့ သူရဲ့ စိတ်ခံစားမူ စိတ်ပျက်သွားစေမူက အများကြီး တန်ဖိုးကြီးသွားပါတယ်။

လက်ရှိ အခြေအနေမှာ နိုင်ငံခြားငွေ ရှားပါးနေချိန် နိုင်ငံခြားငွေ ဝင်ပေါက်လေဆိပ်မှာ ဘာမဟုက်တဲ့ သီဟိုဠ်စေ့လေးကို တစ်ထုတ်ထက် ပိုမယူရဘူး ဆိုပြီ ပြောခံလိုက်ရတဲ့ သူတွေက ဘယ်လောက်ရှိပြီလဲ။ အဲဒီလူတွေက မြန်မာပြည်က သီဟိုဠ်စေ့အပါအဝင် ဘာပစ္စည်းမှ မဝယ်နဲ့ မယူကြနဲ့ လေဆိပ်မှာ အသိမ်းခံရနိုင်တယ် ငွေတောင်းခံရနိုင်တယ် ဆိုတဲ့ သတင်းဖြစ်ခဲ့ရင် ဘယ်သူမှ ပြည်တွင်းက ပစ္စည်းကို ဝယ်သွားကြမှာ မဟုက်ပါဘူး။

ဒါဆို နိုင်ငံခြားသားတွေက မြန်မာပြည်လာတဲ့အခါမှာ နိုင်ငံခြားငွေ အသုံးပြုပြီး ဝယ်ယူမူမရှိတော့ဘဲ နိင်ငံခြားငွေ ဝင်ရောက်မူက ပိုမိုနည်းပါးလာနိုင်တဲ့ အတွက် မြန်မာပြည်အတွက် များစွာနစ်နာစေနိင်ကြောင်း ဂျပန်ကြီးက ပြောလာပါတယ်။

နိုင်ငံတကာမှာ လေဆိပ်ကောင်တာအထိ ပုံမှန်ဝင်ရောက်နိင်ပေမဲ့ မြန်မာပြည်မှာက ခရီးသွားမဲ့ ခရီးသည်ကိုပဲ ပေးဝင်ပြီး လိုအပ်တာထက်ပိုတဲ့ အဆင့်တွေကို လုပ်ပြီး အဆင်မပြေမူများကို ဖြစ်ပေါ်စေပါတယ်။ မိတ်ဆွေတို့လည်း နိုင်ငံခြားသွားတဲ့အခါ သီဟိုဠ်စေ့ထုတ် တစ်ထုတ်ထက် ပိုမယူသွားကြနဲ့နော်။ (Thein Aung Chen)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page