ကညနရဲ့ အခွန် ငမ်းငမ်းတက် လိုချင်မှုကြောင့် အချောင်သမားတွေ လုပ်စားလို့ကောင်းနေတဲ့ အဖြစ်

ကညနက ယာဉ်မပါပဲ သက်တမ်းတိုး လုပ်ပေးနေပါတယ်။ ကိုဗစ်ရော၊ အခွန်လိုချင်တာပါ ကောင်းဆိုး ဒွန်တွဲနေတဲ့ လုပ်ရပ်ပါ။

သတိပေးချင်တာက အချောင်သမားတွေက အုံနာစာအုပ်ပဲကျန်တော့တဲ့ တိုက်ကြေ၊ မြေစိုက်၊ ကျွမ်းထိုး၊ ပြာကျ၊ ရေနစ်စာအုပ်တွေကို အောက်ဈေး လိုက်ဝယ်ပြီး၊ နှစ်ပြတ် သို့ ပုံမှန် သက်တမ်းတိုးပြီး ဝစ်သောက်နဲ့ ဖောက်စွပ်ပြီး ပြန်လုပ်စားနေကြပါတယ်။

စာအုပ်ကြည့်ရင် သက်တမ်း အသစ်စက်စက်ပါ။ ခေတ်ပျက်မှ လုပ်စားလို့ ကောင်းတယ်ဆိုတဲ့ အချောင်သမား တွေ အတွင်းလူနဲ့ပေါင်း ဂွင်ရိုက်နေကြပါတယ်။ ကညနက သက်တမ်းတိုးရင် ယာဉ်ပြန်စစ်ရမယ်လို့ ပြန်ပြောင်းသတ်မှတ်ရင် ဖောက်စွပ်နဲ့ အသိမ်းခံရမယ့် ကား တွေမနည်းပါဘူး။

ကညန ကတော့ ထုံးစံအတိုင်းတာဝန်မယူပဲ အမြင် ဖောက်စွပ်အတိုင်း အရေးယူ ကားသိမ်းမှာပါ။ လောဘမရှိရင် လိမ်လို့မရပါဘူး။ အဝယ်မမှားရအောင် ဆင်ခြင်နိုင်ဖို့ သတိကြိုပေးနေတာပါ။

အချောင်သမားက ဂျိုမပါသလို လူကျအောင် အပြောချိုပါတယ်။ လူရှိန်အောင် နေတတ်ပါတယ်။ ကျနော့လို ဒုတ်ထိုးအိုးပေါက် စွပ်ကျယ် ဘောင်းဘီတို ညှပ်ဖိနပ်နဲ့ မဟုတ်ပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page