လှည်းတန်းမှာ နှစ်ပေါင်း ၅၀ ကျော် စေတနာကြေးနဲ့ ဗေဒင်ဟောပေးနေတဲ့ အသက် (၇၇) နှစ် အဘ
ရန်ကုန်လှည်းတန်းမှာ နှစ်ပေါင်း ၅၀ ကြာ စေတနာကြေးနဲ့ ဗေဒင်လက္ခဏာဟောပေးနေတဲ့ အသက် ၇၇ နှစ် အဘရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ လမ်းကြုံရင် ဝင်မေးခဲ့ကြပါဦးဗျာ။
နှစ် ၅၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ လက္ခဏာဗေဒင်ပညာတွေကို စေတနာကြေးနဲ့ ဟောပေးတဲ့ လှည်းတန်းဦးထွန်းလင်းခြံလမ်းကအဘ၊ အဘနားမှာက အမြဲဗေဒင်လာမေးတဲ့သူတွေ အမြဲဝိုင်းလို့ပဲ ၉၀ ရာခိုင်နှုန်း မှန်တာမလို့ aiko ရဲ့ အကိုကြီးတောင် လန့်သွားခဲ့တာ။ ကုသိုလ်လည်းရ၊ စေတနာကြေးပဲပေးရတာမလို့ တချက်ခုတ် နှစ်ချက်ပြတ်။
ပြီးတော့ အဘက စိတ်ရှည်ရှည်နဲ့ကို ဟောပေးတာနော့်။ ပေးရတာကလည်း စေတနာကြေးပဲတဲ့။ တချို့နေရာတွေမှာ နားလည်လွယ်အောင် ဥပမာလေးတွေ ဟာသလေးတွေ ပြောပြီးတောင် ဟောပေးတာလေး။ အမြဲ အဖိုးနားဗေဒင်မေးသူ အပြည့်၊ ပေးသလောက်ပဲ စေတနာရှိသလောက်ပဲ အဘယူပါတယ်ဆိုပြီး လူတိုင်းလိုလိုကို ပြောနေကျ။
တစ်ခါတစ်လေကျ တချို့ဆို ပိုက်ဆံမပေးသွားတာတွေတောင် ရှိသေးတယ်။ အဖိုးက ဘာမှမပြောပေမယ့် အဲ့လိုတော့ မလုပ်သင့်ဘူးရယ်။ အမှတ်အရဆုံးက Aiko ဘယ်လောက်ရစ်တတ်ကြောင်းပါ ဟောတဲ့ထဲပါနေတော့ ဒဲ့မှန်ချက်ကရီနေရ။ အဘဟောတာလေးတွေက လက်ရှိနဲ့ အတိတ်ကို ဟောတာမှန်နေတာမို့ အနာဂတ်တော့မကြုံရသေးတာမို့ အတိကျပြောမတတ်သေးရယ်။
သို့သော် Aiko က တားရော့ မေးနေကျသူမို့ တားရော့ ဆရာမဟောတာနဲ့ အဘဟောပေးတာလေး အနာဂတ်ကြောင်းရာ တချို့ကတူနေတယ်။ အဘက အသက် ၂၀ ကျော်ကနေစ လုပ်ခဲ့တာ ခုက အဘက အသက် ၇၇ နှစ်တဲ့ (အတိကျ သေချာမမှတ်မိလို့မှတ်မိသလောက်လေး) (A FOR Aiko)