သီပေါမင်းနဲ့ စုဖုရားလတ်တို့ တကြိမ်သာ ဝတ်ဆင်ခဲ့ရတဲ့ နန်းတက်ပွဲ ဝတ်ရုံတော်များ အကြောင်း

သီပေါမင်းနှင့် စုဖုရားလတ်တို့ရဲ့ ဝတ်ရုံတော်၊ ထိုဝတ်ရုံများသည် နန်းတက်ပွဲ၊ နန်းသိမ်းပွဲနှင့် ကန်တော့ခံချိန် (ဝါဝင်၊ ဝါထွက်နှင့် နှစ်သစ်ကူးချိန်) တို့တွင်သာ ဝတ်ဆင်လေ့ရှိသော ဝတ်ရုံများဖြစ်ပြီး အောက်ဖော်ပြပါပုံတွင် သီပေါမင်း နန်းတက်သောအချိန်က ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ထိုတကြိမ်သာ ဝတ်ဆင်လိုက်ရခြင်း ဖြစ်ပါတယ်။

သီပေါမင်းရဲ့ ဝတ်ရုံဖြစ်သော “ဒုရင်တော်” ဟာ ရွှေချည်ငွေချည် အစစ်၊ ပတ္တမြား၊ အဖိုးတန် ကျောက်များ၊ ကတ္တီပါနှင့် ကြိမ်များ ပါဝင် ချုပ်လုပ်ထားပါတယ်။ စုဖုရားလတ်ရဲ့ ဝတ်ရုံ “မဟာလတာ” ကိုတော့ ရွှေချည်ငွေချည်အစစ်၊ ကတ္တီပါ၊ ကြိမ်နှင့် “တန်ဖိုးနည်း”ကျောက်များဖြင့် စီရီချုပ်လုပ်ထားပါသည်။

ထိုကဲ့သို့ ရွှေနဲ့ အဖိုးတန်ကျောက် (inorganic) နဲ့ ကတ္တီပါ၊ ကြိမ် (organic)တို့ ပေါင်းစပ်ထားတဲ့ သီပေါမင်းတို့ရဲ့ နန်းတက်ဝတ်ရုံဟာ တစ်စုံတည်းသာ ချုပ်လုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

သီပေါမင်း ပါတော်မူပြီးနောက်မှာ အဲ့ဒီဝတ်ရုံတွေအပြင် မင်းခန်းတော်ပစ္စည်းများနဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကို ဗြိတိသျှတို့ သိမ်းသွားပြီး အင်္ဂလန်ရှိ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက်တို့မှာ သိမ်းဆည်းထားခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာတော့ ဦးနေဝင်းရဲ့ တောင်းဆိုမှုကြောင့် ဝတ်ရုံနဲ့ ရွှေထည်ပစ္စည်းအချို့ပြန်လည် ရရှိခဲ့ပါတယ်။ ယခုအခါမှာတော့ ထိုဝတ်ရုံများကို အမျိုးသားပြတိုက် (နေပြည်တော်) တွင် ထိန်းသိမ်း ထားရှိထားပါသည်။ (MoeSatMaung)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page