တောင်ကြီးအေးသာယာက အခြေခံလူတန်းစားတွေအတွက် ဝမ်းမြောက်ဖွယ်သတင်း (၅၀၀ ကျပ်တန် လာပြီ)
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အေးသီရိဈေး အနီး၌ မြန်ကောင်းသက်သာ ထမင်းဆိုင်ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်က စတင်၍ ဖွင့်လှစ် ရောင်းချနေပြီလို့ သိရပါတယ်။
နံနက် ၁၁ နာရီမှာ စတင် ရောင်းချတာ ဖြစ်ပြီး နေ့တိုင်း ဆိုင်ဖွင့်မယ်လို့ သိရပါတယ်။
မြန်ကောင်းသက်သာ ထမင်းဆိုင်ကို လူမျိုး/ဘာသာ မရွေး လာရောက် ဝယ်ယူ စားသုံးနိုင်ကာ ဆိုင် ရေရှည်ရောင်းချနိုင်ရန် စေတနာရှိသူများ အနေဖြင့် လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။
ယနေ့အတွက် ဟင်းလျာကတော့ ကြက်သားဟင်း၊ ခရမ်းသီးနှပ်၊ ငပိကြော်နဲ့ မုန်လာချည်ရည်ဟင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
လှူဒါန်းတဲ့ အလှူရှင်များနဲ့ ဝေယျာဝစ္စကုသိုလ်ရှင်များ လိုတိုင်းရ တောင့်တတိုင်းပြည့်စုံတွေ ဘဝတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။