အကြားအမြင် ဆရာမကြီး ဘာဘာဗန်ဂါရဲ့ ကမ္ဘာပျက် ဟောကိန်း (၅) ခု အကြောင်း အပြည့်အစုံ

၁၉၉၆ မှာ သေဆုံးခဲ့တဲ့ မျက်မမြင် ရှေ့ဖြစ်ဟော အကြားအမြင် ဆရာမကြီး ဘာဘာဗန်ဂါရဲ့ ဟောကိန်းတွေဟာ အံ့ဩလောက်အောင် မှန်ကန်ခဲ့တာကြောင့် သူမဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူမ အသက် သုံးနှစ်အရွယ်ကတည်းကပင် သူမရဲ့ မိဘနှစ်ပါးလုံးသေဆုံးခဲ့ပြီး သူမအသက်၁၂မှာ မျက်စိကွယ်ခဲ့ပါတယ်။ ဘာဘာဗန်ဂါဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာမည့်အကြောင်း၊ ဆိုဗီယက်ယူနီယံကြီးပြိုကွဲမည့်အကြောင်း၊ အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီပူးပေါင်းသွားမည့်အကြောင်း၊

မင်းသမီး ဒိုင်ယာနာသေဆုံးမည့်အကြောင်း၊ အင်ဒိုနီးရှား ဆူနာမီဖြစ်ပေါ်မည့်အကြောင်း၊ နယူးယောက်က မျှော်စင်ညီနောင် ဖြိုချခံရမည့်အကြောင်း၊ ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပေါ်မည့်အကြောင်း၊ ၄၄ယောက်မြောက်အမေရိကန်သမ္မတဟာ လူမည်းဖြစ်မည့်အကြောင်းစသည့် ကမ္ဘာကျော် ဖြစ်စဉ်များကို သူမ မသေဆုံးမီကပင် မှန်ကန်စွာ ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။

ဆရာမကြီး ဘာဘာဗန်ဂါဟာ သူမ သေဆုံးမယ့်ရက်နဲ့ ကမ္ဘာကျော် တချို့ရဲ့ သေဆုံးမယ့် ရက်တွေကို အတိအကျ ဟောကိန်း ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာဘာဗန်ဂါ ဟောကြားချက်တွေထဲက နောက်ဘုရားတစ်ဆူပွင့်ပြီး မှ ကမ္ဘာပျက်မည့်အကြောင်းဟာလည်း ဗုဒ္ဓဘာသာ တို့ရဲ့ ယုံကြည်မှုတွေ့နဲ့ကြိုက်ညီနေပါတယ်။ အကြားအမြင်ဆရာမကြီးရဲ့ ဟောကိန်းတွေထဲက လာမယ့် နှစ်တွေထဲမှာ အဖြစ်နိုင်ဆုံး ဟောကိန်းတွေကို ထုတ်နုတ် ဖော်ပြသွားပါမယ်။

ဟောကိန်း (၁) – ၂၀၂၂ ခုနှစ်တွင် စွမ်းအားကြီးသူ သုံးဦး ပေါင်းမိလိမ့်မယ်။ နဂါးကြီး အင်အားကြီးလာပြီး ကြီးစိုးလိမ့်မယ်။ တရုတ်ယွမ်ငွေတွေနဲ့ ဒီဂျစ်တယ်ငွေကြေး ထွန်းကားမယ်။ စွမ်းအားကြီးသူ (၃) ဦး ဆိုသည်မှာ ရုရှား၊ တရုတ်၊ အိန္ဒိယ (၃) နိုင်ငံကို ပြောတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဟောကိန်း (၂) – ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ပတ်လမ်း ပြောင်းလဲသွားမယ်။ အဆိုပါ အဓိပ္ပာယ်ကို ဖော်ရာမှာ အခက်အခဲ ဖြစ်နေပြီး ဆိုလိုရင်းကို ယနေ့ထိ သေချာ မသိကြသေးပါဘူး။ သံလိုက်စက်ကွင်း ပြောင်းလဲသွားတဲ့ ပုံစံမျိုး ပြောတာ ဖြစ်နိုင်ပါတယ်။ ဟောကိန်း (၃) – ၂၀၂၅ ခုနှစ်မှာ ဥရောပဒေသရဲ့ လူဦးရေဟာ သုညနား ကလပ်သွားလိမ့်လို့ သိရပါတယ်။ လက်ရှိ ဥရောပမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ဆို ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဟောကိန်း (၄) – ၂၀၃၃ ခုနှစ်မှာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်ကာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာပြီး ကုန်းမြေ အများအပြား ဆုံးရှုံးသွားလိမ့်မယ်လို့ သိရပါတယ်။ ဟောကိန်း (၅) – ၂၀၃၀ ခုနှစ်မှာ ကိုဗစ်ထက် ပိုဆိုးတဲ့ ရောဂါတခု ထပ်မံ ဖြစ်ပေါ်မယ်လို့ သိရပါတယ်။

အဆိုပါ ဟောကိန်း (၅) ခုထဲက (၄) ခုဟာ ကမ္ဘာပျက်ဟောကိန်းများ ဖြစ်နေပြီး ထူးဆန်းစွာပင် များမကြာတော့တဲ့ နှစ်တွေမှာ ဖြစ်နိုင်တယ်လို့ ရှေ့ဖြစ် ကြိုတင် ဟောထားပါတယ်။ အကြားအမြင် ဆရာမကြီးရဲ့ ဟောကြားချက်တွေဟာ ၉၀ ရာခိုင်နှုန်း နီးပါး မှန်လေ့ ရှိတာကြောင့် သူမဟောကိန်းတွေအတိုင်း ဖြစ်လာမလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page