(ကမ္ဘာကြီး ကပ်ဆိုက်နေပြီလား) အိန္ဒိယမှာ ကြိုးတံတားတစင်းပြတ်ကျ၊ လူ ၆၀ ကျော် အသက်ဆုံးရှုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မြစ်ကူးကြိုးတံတားတစင်း ပြတ်ကျခဲ့ရာမှ လူပေါင်း ရာနှင့်ချီ ရေထဲသို့ ပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၆၀ ခန့် အသက်ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ မော်ဘီမြို့က မက်ချူး မြစ်ပေါ်ရှိ အဆိုပါကြိုးတံတား ပြတ်ကျချိန်၌ တံတားပေါ်တွင် လူပေါင်း ၁၅၀ ကျော်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းများအရ အရေးပေါ်အဖွဲ့များက ၎င်းတို့အား ကယ်ဆယ်ရန် ကြိုးပမ်းနေချိန်တွင် ပြိုကျနေသော တံတား၏ ကြိုးများနဲ့ အပျက်အစီးများပေါ်မှာ လူဒါဇင်ပေါင်း များစွာ တွယ်ကပ်နေတာကို တွေ့ရပါတယ်။ တချို့က တံတားအပျက်အစီးပေါ်မှ တဆင့် မြစ်ကမ်းပါးပေါ်သို့ ထွက်ပြေးခဲ့ကြပြီး တချို့ကတော့ ရေကူးသွားခဲ့တာကို တွေ့ရပါတယ်။

“သေဆုံးသူ ခြောက်ဆယ်ကို အခုအချိန်အထိ အတည်ပြုပြီးပါပြီ” ဟု ပြည်နယ်လွှတ်တော်အမတ်က ပြောကြားခဲ့ပါတယ်။ လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ဒီပါဝလီ ပွဲတော်ရာသီမှာ အဆိုပါဟောင်းနွမ်းနေတဲ့ ကြိုးတံတားပေါ်သို့ လူအများအပြား ရောက်ရှိခဲ့စဉ်မှာ အခုလိုမျိုး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၁၅၀ ကျော် အသက်ဆုံးရှုံးခဲ့တဲ့ ဟောလိုဝင်း ပွဲတော်အပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ နောက်ထပ် လူအများအပြား အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ် တခုပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာလ လွန်မြောက်လာပြီးနောက် လူအများအပြား စုဝေးလို့ ရတဲ့ ပွဲတော်တွေကို ခွင့်ပြုလိုက်ပြီးတဲ့နောက်မှာ ယခုလို ဝမ်းနည်းစရာ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page