ရွှေနဲ့ ဒေါ်လာကို လှည့်မကြည့်ချင်တော့တဲ့သူတွေအတွက် ရင်းနှီးမြှုပ်နှံနိုင်မယ့် မြန်မာ့ဈေးကွက်များ

ကျွန်တော်တို့နိုင်ငံမှာ လူတွေက ရင်းနှီးမြုပ်နှံမှုလို့ ပြောလိုက်တာနဲ့ အိမ်(တိုက်ခန်း)၊ ခြံ၊ မြေ၊ ကား၊ ရွှေ၊ USD ကိုရင်းနှီးကြပါတယ်။ နိုင်ငံတကာမှာတော့ စတော့ရှယ်ယာတွေ ခရစ်ပတို ကာရန်စီ စတာတွေ ရင်းနှီးမြုပ်နှံကစားကြတာပေါ့။

ရေတိုရင်းနှီးမြုပ်နှံမှု အတွက်တော့ စတော့ရှယ်၊ ခရစ်ပတိုနဲ့ ရွှေက ကစားလို့ ကောင်းပါတယ်။ ကာလတို (short term volatile) မှာ နိမ့်တုန်းဝယ်၊ မြင့်ရင် ပြန်ရောင်း (Buy in Dip sell in top) စသဖြင့် ကစားကြပါတယ်။ ရွှေက တလအတွင်း တအောင်စကို ဒေါ်လာ ၁၀၀ လောက်အတက်ကျ ကစားပါတယ်။ ခုမြန်မာပြည်မှာလည်း အခေါက်ရွှေ လေပတ်ကား ဝယ်ရောင်းတာ လိုမျိုးပါဘဲ။

ကား၊ ခေတ်အဆက်ဆက် မြန်မာမှာ ကမ္ဘာနဲ့ ပြောင်းပြန်ဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှုကတော့ ကားပါဘဲ မြန်မာလူမျိုးအတွက်တော့ ကားသီအိုရီက ကမ္ဘာက လူတွေကို ခေါင်းစားစေနိူင်ပါတယ်၊ ပုံမှန်ဆိုကမ္ဘာမှာ ကားတစ်စီးဟာ မော်ဒယ်နှစ်အလိုက် သုံးတဲ့ ကီလိုပမာဏအလိုက် အသစ်ကနေ Second hand ဖြစ်တာအလိုက် ဈေးကျပါတယ်။

Showroom ကနေ ကားက လိမ့်ထွက်သွားပြီး ကိုယ့်ငွေချေပြီးတာနဲ့ ၂၅ ရာခိုင်နှုန်း ထိုးကျသွားပါပြီ။ အဲဒီကားပြန်ရောင်း ဈေး ၄ ပုံ ၁ ပုံ အရှုံးပါ။ ထိုအတူ ၁ နှစ်ကုန်တာနဲ့ မော်ဒယ်နှစ် ၁ နှစ်နိမ့်သွားပြီဖြစ်တဲ့ အတွက် အသစ်ထွက်လာမယ့် မော်ဒယ်ကို လူတွေစောင့်ဝယ်မှာကြောင့် လက်ရှိ မော်ဒယ်က ဈေးကျစမြဲပါ။ ထိုအတူ ပြန်ရောင်းရင် နာမည်ပါလွှဲပြောင်းပေးပြီး ဘာအခွန်မှထက်ပေးစရာမလိုပါဘူး။ ဒါမှလည်း မတော်တဆ တခုဖြစ် ထွက်ပြေးတဲ့ ကိစ္စ (hit and run case) တွေမှာ ပိုင်ရှင်နောက် အလွယ်တကူလိုက်လို့ ရစေမှာပါ။

မြန်မာမှာတော့ ပြောင်းပြန်ပါ မြန်မာလူမျိုးက ကားကို အကန့်သတ်သာ ရရှိနိုင်လို့ ပိုင်ဆိုင်မှုအဖြစ် ရင်းနှီးကြပါတယ်။ အခွန် အမြောက်အမြားပေးရတဲ့ ဒီရင်းနှီးမြုပ်နှံမှုဟာ ဝယ်လိုအား များခြင်း၊ ငွေဖြစ်လွယ်ခြင်း ပြင်ပမှတင်သွင်းရတဲ့အတွက် စရိတ်စက ကြီးမြင့်ခြင်းကြောင့် အကန့်သတ်တွေရှိနေတာဟာ သူ့ကို ရင်းနှီးမြုပ်နှံမှု လူကြိုက်များစေပါတယ်။

တကယ်တော့ ပွန်းစား (Wear and tear) စက်ပစ္စည်း ဖြစ်တဲ့အတွက် ရပ်ထားရင်တောင် သံချေးလိုက်နိုင် အသုံးမချရင်တောင် မော်ဒယ်အောက်နိုင်တဲ့ ဒီပစ္စည်းမျိုးကို ကမ္ဘာမှာတော့ မရင်းနှီးကြပါဘူး။ သို့ပေမယ် လက်ရှိခေတ်အခြေအနေရတော့ ဝယ်ထားမမှား နောက်ဆို အခွန်တိုးရှာဖို့ သူ့ကို အသုံးချမှာဆိုတော့လည်း သူ့ကဈေးကျမယ့်အရိပ်မမြင်ပါဘူး။ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်တာ ကားမှာသုံးရတယ့် Semi conductor တွေ ပြတ်တောက်မှု ဖြစ်တာရယ်ကြောင့် ကမ္ဘာ့ ကားထုတ်လုပ်မှုကျဆင်းတာတွေက ရှေ့လျှောက် ကားအရင်းနှီးမှာ ကျဆင်းဖို့မရှိတာကြောင့် ကားဈေးက ခိုင်နေအုန်းမှာပါ။

မြေအနေနဲ့က ရွှေတွေ ဒေါ်လာတွေကို လိုက်ဖမ်းဖို့ မမီနိုင်လောက်အောင် ခေါင်ခိုက်နေတော့ သိပ်ပြီး လိုက်မတက်နိုင်သေးတဲ့ နေရာတွေကို လူတွေလိုက်ရှာ ရင်းနှီးဦးမယ်ဆိုရင် တဖြည်းဖြည်းတက်လာပါလိမ့်မယ်။ တိုက်ခန်း ကွန်ဒိုတွေကတော့ အသစ်နီးပါး နှစ်နှစ်လောက်က ဆောက်ထားတာဆိုရင် ရင်းနှီးလို့အကောင်းဆုံးပဲလို့ မြင်မိပါတယ်။ ခုလက်ရှိပစ္စည်းဈေး အလုပ်သမားဈေး နဲ့ ပြန်ဆောက်ဖို့ မလွယ်တော့တဲ့ ရင်းနှီးစရိတ် ကြီးမားတာကြောင့် ရေရှည်မှာ တန်ဖိုးတခု ဖြစ်လာနိုင်ပါလိမ့်မယ်။ (Travelwithminwai)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page