ဆင်းရဲရင် အဖက်မလုပ်ကြတဲ့ နိုင်ငံနဲ့ ငွေရှိမှ လူရာဝင်တယ်လို့ တကယ်ထင်နေကြသူများ

ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့။ ရန်ကုန်တီးဟောက်စ်မှာ ဒန်ပေါက်တစ်ပွဲ ၁၂ ဒေါ်လာ မုန့်ဟင်းခါးတစ်ပွဲ ၆ ဒေါ်လာ ရောင်းတဲ့သူကလည်း ရောင်းတယ် လာစားတဲ့သူကလည်း စားနိုင်တဲ့ လူတန်းစားတွေ အဲ့တော့ ဘာမှပြသနာမရှိဘူး။

အဲ့လိုပဲ ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက အ.မ.က ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့ ဒေါ်နှင်းဆီ မုန့်ဟင်းခါး တစ်ပွဲကို အကြော်စုံ၊ ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်။ ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ။ လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှမရှိခဲ့ဘူး။ ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး စျေးလည်း သိပ်မကွာဘူး။

သို့ပေမယ့် ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ လာစားတဲ့ လူတစ်ယောက်က တစ်ပွဲ ၁၅၀၀၀ တန်ဆိုပြီး ဖေ့ဘုတ်မှာတင်တော့ တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲကြသည်ပေါ့။ ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲရှိတယ် (တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့ နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်မယ်)

နောက်ထပ်ဆဲတဲ့ လူတန်းစား တစ်မျိုးကျတော့ Roof Top Bar မှာ မားဗီးရက် တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေပါတယ်။ ဘရေဗ့်ဘားမှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့ လူတွေလည်းပါတယ်။ ကေတီဗီမှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်းပါတယ်။ ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရပြီးရော ဆိုပြီး ရှီရှားတစ်အိုး တစ်သိန်းလောက် ပေးသောက်တဲ့ အဖွဲ့တွေလည်းပါတယ်။ ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက ဆဲချင်လို့ကို ဝင်ဆဲတာ။

အဆိုတော် နေဝင်းက အိမ့်ချစ်ချောကို ကြည့်တဲ့ အကြည့်က အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း အားကျရတယ်။ ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း ဒီ အကြည့်ပဲ ဒါပေမယ့် နှစ်လိုဖွယ် မကောင်းဘူး။ မိန်းခလေးတွေ ရာနှုန်းပြည့် အားမကျဘူး။ အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ်လို့တောင် ပြောတဲ့လူရှိသေးတယ်။

မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းသိင်္ခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ် ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့။ အဲတော့ ကိုယ့်ကိုကိုယ် ခမ်းနားအောင်သာ တည်ဆောက်ပါ လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။

ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ် ဂျင်းတွေကို သွားမယုံနဲ့ ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိန်ဇာတ်ရုပ် သိန်းစိုး ပြောသလိုပဲ။ ခင်ဗျား ဆင်းရဲဖူးသလား ဆင်းရဲရင် ဘယ်သူမှ ‌ေ-ာက်ဖက် မလုပ်ဘူးတဲ့။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page