တစ်ကီလိုဂရမ်ကို ၃ သိန်းကျော်ပေးရတဲ့ ရှားပါး ဒူးရင်းသီး အနီရောင်မျိုး (ဒူးရင်းသီးပရိသတ်တွေအတွက်ပါ)
ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကတော့ ဒူးရင်းသီး အနီရောင်မျိုးရဲ့ ဓာတ်ပုံတချို့ ဖြစ်ပြီး ဒူးရင်းသီး ပရိသတ်တွေကြားမှာ လူပြောများလျက် ရှိပါတယ်။
အဆိုပါ ဒူးရင်းသီး အနီရောင်မျိုးကို တချို့က တကယ်မရှိဘူး။ ဖိုတိုရှော့နဲ့ အရောင်ပြောင်းထားတာလို့ ပြောကြပေမယ့် အပြင်မှာ တကယ်ရှိတဲ့ အသီး ဖြစ်ပါတယ်။
ယင်း ဒူးရင်းသီး အနီရောင်မျိုးဟာ မလေးရှားနိုင်ငံ ဆာလာဝပ်ပြည်နယ်က လာတဲ့ မျိုးရင်း ဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာတော့ ဒီဇင်ဘာလ တလတည်းမှာသာ ရတယ်လို့ သိရပါတယ်။
မြန်မာပြည်ဈေးနှုန်းနဲ့ဆိုရင်တော့ တစ်ကီလိုဂရမ်ကို ၃ သိန်းကျော် ဈေးရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒူးရင်းသီး အနီရောင်မျိုးဟာ ရိုးရိုးဒူးရင်းသီး အဝါမျိုးလောက် အနံ့မပြင်းဘူးလို့ သိရပါတယ်။
အဆိုပါ ရှားပါးဒူးရင်းသီးမျိုးကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ စမ်းသပ်စိုက်ပျိုးနေတယ်လို့ သိရပါတယ်။ ဒူးရင်းသီးကို အပီအပြင် ကြိုက်သူများအတွက် ဈေးကြီးပေမယ့် စမ်းသပ်စားသုံးသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။