ဝန်ကြီးဖြစ်ပြီး နေစရာအိမ်မရှိခဲ့တဲ့ သူ့အဖေအကြောင်းကို ပြောပြလိုက်တဲ့ ဉီးသန်းရွှေသားမက်
ဆရာဘာ့ကြောင့် တင်းတိမ်ရောင့်ရဲရသလဲ၊ အခွင့်အရေးတွေရရက်နဲ့ ဘာ့ကြောင့်မယူသလဲ….. လေ့လာကြည့်ပါ….
(အဖေ (သို့)ပင်စင်ယူချိန်မှာ နေစရာအိမ်/တိုက်ခန်း မရှိ သော ဗိုလ်ချုပ်ဝန်ကြီး တစ်ဦး)
ဆရာ့ကို ဘဝမှာ ရိုးရိုးသားသားနဲ့ ကြိုးစားဘို့ တင်းတိမ် ရောင့်ရဲဘို့ ဆိုဆုံးမ ခဲ့တဲ့ အဖေ့အကြောင်းလေး ပြောပြ ချင်ပါတယ်။
ဆရာ့ရဲ့ချစ်လှစွာသောဖခင်ဗိုလ်ချုပ်တင်စိန်(ငြိမ်း) ဟာ ၁၅.၈.၂၀၂၀ မှာ ငြိမ်းချမ်းစွာ ဘဝတစ်ပါးသို့ ကူး ပြောင်း သွားပြီးဖြစ်ပါတယ်။
တဘက်မှာ ဆရာက နိုင်ငံ့အကြီးအကဲတာဝန်ယူခဲ့သူ နဲ့ အမျိုးတော်ပေမဲ့ အခွင့်အရေးမယူခဲ့လို့ ခရိုနီမဟုတ်ဘူး လို့ဆိုခဲ့ပါ တယ်၊ ဘာဖြစ်လို့ အဲဒီလိုနေနိုင်ခဲ့တာလည်း လို့ အများကမေးကြပါတယ်။
အဓိကကတော့ ဆရာတို့အဖေက ရိုးရိုးသားသားနဲ့ ကြိုး စား ဘို့၊ ငွေမမက်ဘို့ဘဲ အမြဲသွန်သင်ခဲ့လို့ပါဘဲ… ဆရာ ကိုယ်တိုင်ကလည်း အမျိုးတော်လို့ အခွင့်အရေး ယူပြီး ချမ်းသာတာမျိုးကို မနှစ်သက်လို့ပါဘဲ။
အဖေ့ရဲ့ အဖေ၊ ဆရာတို့ အဖိုးဟာ အဂ်လိပ်လက်ထက်က ကပ္ပလီကျွန်းက ရာဘာခြံကို ကန်ထရိုက်ဆွဲပြီး ထွက်လာ တဲ့ ရာဘာတွေကို မလေးရှားပီနန်ကို export ပို့ပါတယ်၊ ဆန်စက်လည်းရှိပြီး ငွေကြေး ချမ်းသာ တဲ့အ လျောက် ကားရှားတဲ့ခေတ်မှာတောင် အဖေတို့ အိမ်မှာ ကား နှစ်စီး ရှိပြီး ဆရာ့အဖေတို့ငယ်စဉ်က ပြည့်စုံစွာ နေထိုင်ခဲ့ ကြရပါတယ်။
ဒါပေမဲ့ မိဘနှစ်ပါးဟာက ဂျပန်ခေတ်မှာ ဆုံးပါးသွားပြီး ပြည်တွင်းသူပုန် တွေထတဲ့ အချိန်မှာ အဖေတို့ကပြည်သူ့ ရဲဘော် အနေနဲ့ ပြန်တိုက်ခဲ့တဲ့အတွက်အဖေတို့ပိုင်တဲ့ ဆန် စက်၊ အိမ်စတာတွေလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါ တယ် မောင်နှမ တွေလည်း တကွဲတပြားဖြစ်ပြီး ဒုက္ခပင် လယ်ဝေ ခဲ့ရပါတယ်၊ ဒါတွေကို ထောက်ပြပြီး အဖေက ဆရာတို့ကိုလည်း ပစ္စည်း ဥစ္စာ ဆိုတာ မမြဲကြောင်း ပညာတတ် အောင်လုပ် ပြီး ရိုးရိုးသားသားကြိုးစား သင့်ကြောင်း အမြဲဆုံးမပါတယ်။
အဖေဟာ ဘဝတစ်လျောက်ရိုးသားကြိုးစားရင်းနောက် ဆုံး ဝန်ကြီး အဆင့်ထိရောက်ခဲ့ပါတယ်၊ ဒါပေမဲ့ မဆလ ခေတ်က အာဏာလွန်ဆွဲပွဲမှာ အာဏာရှင်က သူ့ကို ပြိုင် တယ်လို့ ထင်တဲ့သူနဲ့ အဖေက တစ်ရပ်ထဲဖြစ်ပြီး ရင်းနှီးမှု ရှိတာကြောင့် တနွယ်ငင် တစဉ်ပါ ဆိုသလိုရာထူး ကနှုတ် ထွက်ခဲ့ရပါတယ်၊ ဒါပေမဲ့ အဖေ့ကို အပြစ်ကလည်းရှာမရ လို့ ကျန်းမာရေး အရနှုတ်ထွက် တယ်လို့သာ အကြောင်း ပြခဲ့ပါတယ်။
ဒါပေမဲ့ အဖေဟာ တသက်လုံး ရိုးရိုးသားသား နေခဲ့တာ ကြောင့် ဝန်ကြီးဘဝကနားတဲ့အချိန်မှာ နေစရာအိမ်မပြော နဲ့အစိုးရတိုက်ခန်းတောင်ယူထားတာ မရှိပါဘူး။
အဖေ့မှာ အပြစ်မရှိကြောင်းသိသွားတဲ့အခါ သံအမတ် ကြီး အဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်၊ နေစရာ မရှိသေးတဲ့ အတွက် အိမ်ဆောက်ဘို့ ရွှေတောင်ကြားမှာ မြေတစ်ကွက် လည်းရောင်းချ ပေးခဲ့ပါတယ်. ဒါပေမဲ့ သံအမတ်ကြီးဘဝ နဲ့ ငွေစုပြီး ဆောက်တာတောင် ၄နှစ်ကြာလို့ နိုင်ငံခြားက ပြန်လာတော့ အိမ်ကမပြီးလို့ ဖြစ်သလိုနေခဲ့ရပါတယ်။
ပြသာနာက အဖေတို့ နိုင်ငံ ခြား သွားတဲ့အခါ ကျန်ခဲ့တဲ့ သားသမီးတွေ နေစရာ မရှိ တာပါဘဲ။ ဒါ့ကြောင့် ကျန်ခဲ့ တဲ့ ဆရာတို့ မောင်နမ တွေကို အဖေဝန်ကြီးဘဝမှာနေ ခဲ့တဲ့ မောင့်ပုလဲဆင့်ဝန်ကြီးအိမ်ကြီးမှာ အဖေ့ရဲ့ဂုဏ် ကျေးဇူး ကြောင့် ဆက်နေခွင့် ရခဲ့တာကတော့ မှတ်မှတ်ရ ရ ပါဘဲ။
ဒီတုန်းက ဆရာက အလုပ်သင် ဆရာဝန် ဘဲရှိပါသေး တယ်… ဆရာ့သူငယ်ချင်းတွေကတော့ အလုပ်သင် ဆရာ ဝန်ကို ဝန်ကြီးအဆင့် အိမ်ကြီးမှာပေးနေတာ နားမလည် နိုင်ခဲ့ကြပါဘူး။ တကယ်တော့နေစရာမရှိလို့ပါ။
ဒီလိုရိုးသားတဲ့ ဖခင်တစ်ဦးရဲ့ သားဖြစ်ရတဲ့ အတွက် သား အမြဲဂုဏ်ယူလျက်ပါ။ သားကိုယ်တိုင်လည်း အခွင့် အရေး တွေဘယ်လိုရရ အခွင့်ထူးတွေမယူခဲ့တာကြောင့် ခရိုနီမဟုတ်ဘူးလို့ လက်မထောင်နိုင်ခဲ့ပါတယ်အဖေ။
ရိုးသားပြီးစိတ်ထား မွန်မြတ်တဲ့ အဖေ ကောင်းရာ သုဂ တိ လားမှာ သားတို့ ယုံကြည်ပါတယ်။ သားကတော့ အဖေ့ရဲ့ ရိုးသားတဲ့ဂုဏ်ကို ဆက်ထိန်းသွား မှာပါအဖေ။
Dr. Nay Soe Maung