လစာ ၃ သိန်း ရရင်တောင် ဒံပေါက်ဝယ်မစားနိုင်တော့တဲ့ အဖြစ်နဲ့ ကြောက်စရာ ကုန်ဈေးနှုန်း အခြေအနေ
ကုန်ဈေးနှုန်းကြီးက ကြောက်စရာကြီး။ ဒံပေါက်တစ်ပွဲနဲ့ စတော်ဘယ်ရီဒိန်ချဉ်ဝယ်လိုက်တာ တစ်သောင်းတန်ပေးလိုက်တာ ၃၆၀၀ ပဲပြန်အမ်းတယ်။ ဘယ်လိုတွေ စားရမလဲ တကယ်တော့ ဒံပေါက်နဲ့ စတော်ဘယ်ရီဆိုတာ ပရီမီယမ် အစားအစာမဟုပ်ဘူးလေ သာမာန်အစားအစာပဲ နောက်ဆို ဝယ်မစားနိုင်လောက်တော့ဘူး။
လူတစ်ယောက် တစ်လ ၃ သိန်းရရင်တောင် ဒံပေါက်မစားနိုင်တော့ဘူး။ တစ်လ ၃ သိန်းရတယ် ဆိုတာကလည်း အခြေခံလူတန်စားရဲ့ လခတောင် မဟုတ်တော့ဘူး။ သာမာန်လူတန်းစားလို့ ပြောလို့ရတယ်။ သေချာတယ် သာမာန်လူတန်းစားလည်း တော်ရုံဝယ်မစားနိုင်လောက်ဘူး။
တလ ၁ သိန်းခွဲ ၂ သိန်းနဲ့ အလုပ်လုပ်နေကြတဲ့ ကလေးတွေ ဘာတွေဆက်စားနေမှာလဲ။ စီးတီးမတ် သွားကြည့်လိုက်လည်း ကုန်ဈေးနှုန်းက မိုးပျံနေတာ ရှန်ပူ ကုန်နေတာဝယ်မလို့ ခါတိုင်း လောရယ် ကြည့်လိုက်တာ ၂၆၅၀၀ ဆိုလို့မဝယ်ပဲပြန်ချလာခဲ့ရတယ်။
ဒီအတိုင်းဆက်သွားရင် သေချာပေါက် ခိုးကြလုကြမှာပဲ။ မခိုးလို့လည်း မရတော့ဘူးလေ။ သေချာတယ် နောက်နှစ်ဆို တနိုင်ငံလုံး သူခိုးတွေ ဒါးမြတွေပဲဖြစ်နေမှာ။
ကုန်ဈေးနှုန်းချအောင် လုပ်မှာလား လခတွေတိုးမှာလားပဲရှိတယ် လခတွေတိုးရင်လည်း မြန်မာငွေတန်ဖိုးကလုံးဝကျပြီ။ စိတ်တွေလည်း ညစ်ပါတယ် မြန်မာပြည်ကြီးရယ်။ (Ko Ko Nyein)