“ဝ” မရှိဘဲ “ဝိ” လုပ်တဲ့ လျှပ်စစ်ကားစီမံကိန်းနဲ့ “ဆန်မရှိဘဲ အစားကြီး” တဲ့ အကောင်ကြီးများ

လျှပ်စစ်ကားတွေက သာမန်ကားထက် စျေးကြီးပေမယ့် ဆီစျေးထက် လျှပ်စစ်ခက အများကြီးသက်သာတယ်။ ဒါပေမယ့် စျေး၊ အလုပ်သွားတာလောက်ပဲ အဆင်ပြေတယ်။ ခရီးဝေးသွားရင် ဆီဆိုင်လို အားသွင်းဖို့ နေရာရှားတယ်။

ဆီထည့်ရင် ၂ မိနစ်လောက်ပဲကြာမယ်။ အားသွင်းတာက ဘယ်လောက် boost လုပ်လုပ် ကြာတာက ကြာတာပဲ။ အရေးရယ်အကြောင်းရယ်ဆို အသက်တောင် မီမှာမဟုတ်ဘူး။ တောင်တက်လမ်းတွေဆိုလဲ အဆင်မပြေဘူး။ ခဏလေးနဲ့အားကုန်သွားရော။

အိမ်မှာ အားသွင်းနိုင်တဲ့အဆင့်အထိမရှိသေးပဲ လျှပ်စစ် ကားဝယ်စီးတဲ့သူမတွေ့ဖူးသေးဘူး။ ၄ ၅ နာရီ ခရီးလောက်တော့ အေးဆေးမောင်းလို့ရပါတယ်၊ အချို့ဘက်ထရီတွေက ကီလို ၅၀၀ အထိမောင်းရသည်ဆိုလည်း ၄၀ အမ်ပီယာ ဘရိတ်ကာနဲ့ ပါဝါလိုင်းအသစ် stove အတွက် ကြိုးမျိူး ကားဂိုထောင်ထဲကိုထပ်သွယ်ရတယ်။

ဒီဖက်နိုင်ငံတွေမှာ လျှပ်စစ်ကားသုံးတာ လျှပ်စစ်အားသွင်းဖို့ အဆင်ပြေလို့ မီးမပျက်လို့ သုံးကြတာ၊ အားကုန်ရင်နေပြည်တော်အထိ တွန်းသွားပြီး အားသွင်းရမှာလား။

တက်စီဆို ပိုတောင်ဆိုးသေးတယ်။ စမ်းသပ်တာကို လက်ခံတယ်။ တက်စီလို တနေ့လုံး မောင်းတဲ့ လျှပ်စစ်ကားက နိုင်ငံကြီးတွေမှာတောင် မရှိသေးဘူး။ ဆန်မရှိပဲ အစားကြီးပြချင်တာ၊ တက်စီလျှပ်စစ်ကားရှိလို့ နိုင်ငံကြီးတွေထက် တိုးတက်ပြီ၊ ငါ့ကို သမ္မတလုပ်ခွင့်ပြုဆိုတဲ့အကွက် ပွေးကွက်လေ အဲ့မှာကုပ်နေတယောက်ထဲ။ (YeYint Nge) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ပြည်ပကနေ တင်သွင်းလာတဲ့ တရုတ်မော်တော်ယာဉ်ကုမ္ပဏီ ဘီဝိုင်ဒီအော်တိုက ထုတ်လုပ်တဲ့ E2 အမျိုးအစား လျှပ်စစ်ကားအစီး ၄၀ ကို ရန်ကုန်နဲ့နေပြည်တော်မှာ တက်စီအဖြစ် အစမ်းပြေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

“အစီး ၄၀ လောက်နဲ့ဘာမှမဖြစ်သေးဘူး ၊ နောက်ပြီးစျေးက ၇၀၀ ဆိုတော့ ဝယ်ဖို့မလွယ်ဘူး ဒီမှာက သိန်း ၆၀၀ ကျော် ၇၀၀ နီးပါး ကားဝယ်စီးနိုင်တဲ့သူက အတော်အသင့် ချမ်းသာတဲ့ သူဌေးစာရင်းဝင်နေပြီ ။အဲ့ဒီ​တော့ သိန်း ၆၀၀ ကျော်နဲ့ ကားဝယ်နိုင်တဲ့လူက တက်စီမောင်းမှာမဟုတ်သလို သိန်း ၆၀၀ ကျော်တန်ကားကို အုံနာ‌ကြေး ယူပြီး တက်စီအဖြစ်ပေးထားမှာလည်း မဟုတ်ဘူး”လို့ အငှားယာဉ်မောင်းတဦးကပြောပါတယ်။

နောက်ထပ် အငှားယာဉ်မောင်း တဦးကလည်း “အငှား ကားမောင်းမယ့်သူတွေက ဝယ်တာထက် အုံနာကြေးပေးပြီး မောင်းရမယ့်သူက များတယ်။ ဒီတော့ ကားတင်သွင်းတဲ့ကုမ္ပဏီအနေနဲ့ ပြန်ငှားမှ ဒီလျှပ်စစ်ကားတွေက တွင်ကျယ်လာမယ်၊ ငှားတဲ့နေရာမှာလည်း စျေးနူန်းကရှိသေးတယ်၊ ဂက်စ်နဲ့ ဆီကားထက် အုံနာကြေး အများကြီးပိုနေရင်လည်း အလုပ်မဖြစ်ဘူး၊ မရှိလို့ အငှားကားမောင်းကြတာပါ ” လို့ ပြောပါတယ်။

လျှပ်စစ်ကားတွေကို လက်ရှိ ဆီကားတွေ အငှားစျေးနူန်းအတိုင်းသာ ငှားရမ်းမောင်းနှင်ခွင့်ရမယ်ဆိုရင် အငှားယာဉ်မောင်းတွေအတွက် အဆင်ပြေသလို စီးနင်းမယ့်ခရီးသည်တွေအတွက်လည်း သင့်တင့်တဲ့စျေးနူန်း နဲ့ သက်တောင့်သက်သာ စီးနင်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

“လျှပ်စစ်ကားကို ဇိမ်နဲ့စီးရလို့ဆိုပြီး ၃၀၀၀ တန် ခရီးကို ၅၀၀၀ ဘယ်သူမှမပေးပါဘူး၊ကားက အရင်းအနှီးကြီးတာဆိုတော့ အသင်းအဖွဲ့တွေ စုပေါင်းဖွဲ့စည်းလုပ်ရင်တော့ တမျိုးပေါ့။ မဟုတ်ရင်တော့ အဆင်မပြေပါဘူး ၊ လျှပ်စစ်မီးကလည်း မမှန်ဘူး”လို့ နောက်ထပ် တက်စီ အငှားယာဉ်မောင်းသူတဦးက သုံးသပ်ပါတယ်။ လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း(Charging station)တွေ အများကြီးလိုအပ်သလို ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

“အုံနာကလည်း သိန်း ၇၀၀နီးနီး ရင်းရမယ်ဆိုတော့ နေ့တွက်ကြေး ဘယ်လောက်လောက်ဖြစ်မလဲ ၊ ဘဏ်တိုး ထားရင်တောင် တလ ၄ သိန်းလောက်ရနေမယ်၊ အဲ့ဒီလိုမဟုတ်ဘဲ တစ်ကျပ်တိုးနဲ့ အပြင်ကိုပေးထားရင်တောင် တစ်လ ၇သိန်းရမယ်၊ အုံနာအနေနဲ့ သိန်း ၇၀၀ရင်းပြီး ကားဆွဲ၊ ပြန်ရောင်းတဲ့အခါကျရင်ရော အရင်းပြန်ရနိုင်ပါ့မလား၊ ဘယ်သူက ပြန်ဝယ်ပေးမှာလဲ”လို့ နောက်ထပ် အငှားယာဉ်မောင်းကပြောပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်မီးကိုတောင် အချိန်မှန်အောင် ပေးနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ လျှပ်စစ်ကား စီမံကိန်း အကောင်အထည်ဖော်တာဟာ ဆန်မရှိ အစားကြီး၊ ဝမရှိဘဲ ဝိလုပ်တာ ဖြစ်တယ်လို့ ပြည်သူအများအပြားက မှတ်ချက်ပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page