ကွမ်းယာ တကယ်ဖြတ်ချင်သူတွေအတွက် လုံးဝ ပြတ်သွားစေမယ့် လက်တွေ့ ကွမ်းယာဖြတ်ဆေး

မြန်မာလူမျိုး တော်တော်များများ ကွမ်းအလွန်ကြိုက်ကြ၏။ ခေတ်ကာလအရ ကျန်းမာရေးတွေ့ရှိချက်များ၌ ကွမ်းသမားအချို့ ကင်ဆာ ဖြစ်နေကြလေသည်။ ကွမ်းကြိုက်သူများတွင် မိမိကိုယ်တိုင်လည်း ပါ၏။ တစ်နေ ၂၀၀၀ ကျပ်ဖိုးလောက် ကုန်ပါသည်။အချို့ဆိုလျှင် တစ်နေ့ ၅၀၀၀ ကျပ်လောက် ကုန်သည်ဟုလည်း ဆိုသည်။

ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးမှ စကာ ကွမ်းယာဆေး အမျိုးမျိုး ကိုပြောင်း၍ စားသုံးမိ၏။ ၉၂။ ဆာဂါ။ ပါရာဂျက်။ ၁၆၂။ ဆစ်ဂနယ် အမျိုးမျိုး အဖုံဖုံ နှပ်ဆေးလည်း စုံပြန်သည်။ အတိအကျ မရှိသော ထုံးစပ်နည်းနှင့် အတူ ကွမ်းသီးစိတ် မှိုတက်သည်လည်း ပါပေလိမ့်မည်။ အချို့ ကွမ်းယာဆိုင်တို့ကလည်း သန့်သန့်ပြန့်ပြန့် ရောင်းချ သည်လည်း ရှိ၏

တင်ပြလိုသည်မှာ ယခုနောက်ပိုင်း ကွမ်းယာကြောင့် ကင်ဆာ အတော်များများ ဖြစ်နေကြသည်ဆိုသော သတင်းများနှင့်အတူ လက်တွေ့ ပတ်ဝန်းကျင်တွင် ပါးစပ်။ လျှာ ။ ပါးစောင်ကင်ဆာ ဖြစ်နေကြသည်ကို ကိုယ်တိုင် မြင်တွေ့နေရခြင်း ဖြစ်တော့သည်။

ထို့ကြောင့် ကွမ်းဖြတ်ချင်လှပါသည်။ ခက်သည်က ထမင်းစားပြီး သည်နှင့် ကွမ်းတစ်ယာ ငုံရလျှင် ပြည့်စုံသွားသည်။ လက်ဖက်ရည်ပဲ သောက်သောက်။ မုန့်ဟင်းခါး စားစား။ ဘာပဲစားစား စားပြီးတိုင်း ကွမ်းမစားရပါလျှင် အဆင်မပြေ ခံတွင်းတစ်ခုလုံး နေမထိ ထိုင်မထိ ချဉ်သလိုလို ချွဲသလို ဒုက္ခမျိုး ကွမ်းသမားတိုင်း ကြုံရသည်ချည်းသာ။ ထိုအဖြစ်က ကွမ်းကြိုက်သူတိုင်း သိ၏။

နှစ်ပေါင်းများစွာ စွဲလန်းနှစ်ခြိုက်သော ကွမ်းကို မည်သို့ ဖြတ်မည်နည်း။ ထိုပြင် လူကြားထဲ ကွမ်းကြောင့် အခက်တွေ့ရတတ်သည်။ သွားများသည်လည်း နီရာကညစ် အမည်းဂျိုးနှစ်တို့ ကပ်နေပြန်သည်။

ထိရောက်သော ကွမ်းဖြတ်နည်းလေးအား တင်ပြလိုပါသည်။

၁။ ဖြတ်ချင်သော စိတ်ဆန္ဒရှိရန် အထူးလိုခြင်း

၂။ ဆေးမင်းရာဇာ (ဆေးဘုရင်) ပင်မှ အရွက်စိမ်းကို အသုံးပြုရန်

၃။ အရွက်မှာ အနံ့အတော်ပြင်းပြီး စိမ်းရွှေပါသည်။ ထမင်းစားပြီးတိုင်း လက်ဖက်ရည် သောက်ပြီးတိုင်း ကွမ်းယာ စားချင်လိုသော ဆန္ဒရှိလေတိုင်း ဆေးမင်းရာဇာရွက် (၂) ရွက်ကို လျှာပေါ်တင် ကြိတ်ဝါးပြီးပါးစောင်တွင် ငုံထားပါ။ ကွမ်းစားချင်သော စိတ်ပျောက်ကွယ်ပြီး နေထိုင်နိုင်ခြင်း ဖြစ်ပါလိမ့်မည်။

၄။ အရွက်ရည်ကို မြိုချလည်း ရပါသည်။ ထွေးထုတ်လည်း ဖြစ်ပါသည်။ အနံ့ဆိုးပါသည် လက်တွေ့ စမ်းကြည့်ပါ။

၅။ (၅) ရက်လောက်သာ တင်ပြပါနည်းကို စိတ်ယုံကြည့်ချက်ဖြင့် လုပ်ဆောင်လိုက်ပါ ကွမ်းအမှန် ပြတ်ပါကြောင်း။

လိုသူယူသုံး စေတနာအပြုံးဖြင့်
ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page