ရန်ကုန် မှော်ဘီနှင့် ရွှေပြည်သာ တမြို့နယ်လုံး ၃ ရက်တိတိ မီးပြတ်မည် (၂၉ ရက်နေ့ စပြတ်ပါမည်)

ရန်ကုန်ရှိ ရွှေပြည်သာ မြို့နယ်နဲ့မှော်ဘီမြို့နယ်တို့အပါအဝင် ဝါးတရာစက်မှုဇုန် တွင် တနေကုန် မီး ၃ ရက် လုံးဝ ပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း(YESC) က ကြေညာလိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ၂၃၀ကေဗွီ ဝါးတရာ(ရွာမ- လှိုင်သာယာ) ဓာတ်အားလိုင်းစီမံကိန်း ကြိုးဆွဲခြင်းလုပ်ငန်းတွေ လုပ်ဆောင်မှာ ဖြစ်တာကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရွှေပြည်သာစက်မှုဇုန် (၂/၃/၄)၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာ တမြို့နယ်လုံးနှင့်မှော်ဘီမြို့နယ်တို့မှာ ၃ ရက်ခန့် နံနက် ၆ နာရီမှာ ည ၆ နာရီအထိ ယာယီဓာတ်အားပြတ်တောက် မယ်လို့ဆိုပါတယ်။

၂၃၀ကေဗွီ မြောင်းတကာ-ဝါးတရာဓာတ်အားလိုင်းအား ဇန်နဝါရီ ၂၉ ရက်နေ့ ရက်နေ့တွင် (၀၆:၀၀) နာရီ မှ (၁၈:၀၀)နာရီ အထိလည်းကောင်း၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် (၀၆:၀၀) နာရီ မှ (၁၈:၀၀)နာရီ အထိလည်းကောင်းနှင့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် (၀၆:၀၀) နာရီ မှ (၁၈:၀၀) နာရီ အထိလည်းကောင်း ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခင်တုန်းက အခုလို ရက်ဆက်တိုက် မီးပြတ်မည်ဆိုပါက ရပ်ကွက် လမ်းဆုံလမ်းခွများတွင် မီးစက်ကြီးများဖြင့် အစားထိုးဓာတ်အားပေးလေ့ ရှိခဲ့သော်လည်း ယခုအကြိမ်တွင်တော့ အစားထိုးအစီအစဉ် လုံးဝ မရှိဟု သိရပါတယ်။

ထို့ကြောင့် ရွှေပြည်သာနှင့် မှော်ဘီ မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူများ လုပ်ဆောင်စရာ ရှိသူများကို ကြိုတင် လုပ်ဆောင်ထားကြရန် အသိပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page