အမေရိကန်သမတကြီး စီးတဲ့ အထူးလေယာဉ် အဲဖို့စ်ဝမ်း (သို့) လေပေါ်ပျံနိုင်တဲ့ ကွပ်ကဲရေးဌာနချုပ်
အဲဖို့စ်ဝမ်း
အမေရိကန်သမတတိုင်း စီးနင်းတဲ့ အကောင်းစားလေယာဉ်ပျံကို အဲဖို့စ်ဝမ်းလို့ ခေါ်ပါတယ်။ အဲဒီလေယာဉ်ပျံကို ဘိုးရင်း ကုမ္ပဏီက လုပ်ပါတယ်။
ဘိုးရင်းကုမ္ပဏီက ယူအက်စ်အေ၊ ချီကာဂိုမှာရှိတယ်။ ကျွန်တော်နေရတဲ့မြို့နဲ့ ၃ နာရီသာသာကားမောင်းရတဲ့နေရာ။ အဲဒီမှာ လေယာဉ်ပျံတွေ၊ ဒုံးပျံတွေ၊ ဂြိုလ်တုတွေ ထုတ်လုပ်တယ်။ လက်အောက်ခံဌာနကြီး ၅ ခုရှိတယ်။ ၂ဝ၁၅ ခုနှစ်တုန်းက ဒေါ်လာ ၉၆့၁၁ ဘီလီယန်ဘိုး ရောင်းချခဲ့ရတယ်။
အဲဖို့စ်ဝမ်းကို မေရီလင်းမှာရှိတဲ့ အင်ဒရူးစ်လေတပ်မှာအမြဲထားပါတယ်။ မေရီလင်းကို ၁၁ နာရီလောက်ကားမောင်းရတယ်။ Boeing 747-200 အမျိုးအစား စစ်သုံးဘိုးရင်း လေယာဉ်ဖြစ်ပါတယ်။ ၁၉၉ဝ ကျော်ကတည်းသုံးခဲ့တဲ့ အဲဒီ မော်ဒယ်ကနေ Boeing 747-8 အမျိုးအစားကို ပြောင်းပြီး စစ်တပ်က အော်ဒါ လုပ်ထားပါတယ်။ စစ်သုံးအခေါ်မှာ VC-25A ဖြစ်ပါသတဲ့။
အိမ်ဖြူတော်ကတော့ ရွေ့လျှားနိုင်တဲ့ အမိန့်ပေးဌာနချုပ်တဲ့။ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်လာရင် အဲဒီပေါ်ကနေ အမိန့်တွေပေးပါမယ်။ အမေရိကန်သမတဟာ အမေရိကန်စစ်တပ်ကို အမြင့်ဆုံး အမိန့်ပေးနိုင်သူ ဖြစ်တယ်။
အခုဟာက ပေ ၆ဝ မြင့်တယ်။ နောက်ဟာက ပိုမြင့်မယ်။ မွမ်းမံမှာက တခြားဟာတွေအပြင် လျှပ်စစ်စနစ်နဲ့ ပါဝါ အမွှာ-ဘက်ကပ် ပါလာတယ်။ (EMP) ခေါ် အီလက်ထရောနစ်အများစုကနေ ဖျက်ဆီးခံရမှာကို ကာကွယ်နိုင်တဲ့ စွမ်းအင် ဖြစ်ပါတယ်။ မိမိကိုယ်ခုခံနိုင်စွမ်းဆိုတာလည်း ပါအုန်းမယ်။ အသေးစိတ်ကိုတော့ ဘယ်သူမှမသိနိုင်အောင် လျှို့ဝှက်ထားပါတယ်။
အဲဖို့စ်ဝမ်းတစီးဟာ အရပ်သုံး 747-8 နှစ်စီးစာကုန်ကျပါတယ်။ သူတို့အိုင်ဒီယာက ကြီးလေ ကောင်းလေ။ ထရမ့်အဖို့ အဲလိုမဟုတ်ပါတဲ့။ သူစီးနေတဲ့ 757-200 က အတိုင်းအတာမှာ အဲဖို့စ်ဝမ်းထက် သေးတယ်။ Air Force One က 231ft 10in (70.6m) ရှည်တယ်။ တောင်ပံက 195ft (59.6m) အလျား ရှိတယ်။ သူ့လေယာဉ်က 155ft (47m) သာရှည်ပြီး၊ တောင်ပံက 134ft (40m) သာရှိတယ်။ ခါးပတ်ကြိုးမှာ ရွှေကွပ်ထားတယ်။ အဲဖို့စ်ဝမ်းအသစ်ကိုတော့ အဲလိုမလုပ်ပါလို့ ဆိုပါတယ်။
အဲဖို့စ်ဝမ်း လေယာဉ်က အကွာအဝေး ကြိုက်သလောက်ထိပျံသန်းနိုင်တယ်။ လေထဲမှာ ဆီဖြည့်လို့ရတယ်။ အထပ် သုံးထပ်ပါတယ်။ ရုံးခန်းတွေနဲ့ အားကစားစရာနေရာတွေအတွက် ဧရိယာ 4,000 sq ft (400 sq m) ကျယ်တယ်။ စားသောက်ခန်း နှစ်ခု။ တပြိုင်နက်တည်းမှာ လူ ၁ဝဝ စာကျွေးနိုင်တယ်။ စစ်စားဖိုမှူးတွေက အစားအသောက်ထဲမှာ ပါတာတွေရဲ့စိတ်ချရမှုကို စစ်တယ်။
သမတအိုင်ဆင်ဟောင်ဝါးတုန်းက ၁၉၅၉ ခုနှစ် သြဂုတ်လမှာ ဥရောပကိုသွားတော့ VC-137A ကိုစီးတယ်။ အဲတာက Boeing 707 Stratoliner အမျိုးအစားဖြစ်တယ်။ ၁၉၆၂ မှာ သမတကနေဒီဟာ Boeing 707 ကိုမွမ်းမံထားတဲ့ အထူးလေယဉ်ကို ပဌမဆုံးစီးပါတယ်။ လက်ရှိသုံးနေတဲ့ အဲဖို့စ်ဝမ်းကို ဂျော့ချ်ဒဘယ်လယူဘွတ်က ၁၉၉၀ မှာ စစီးခဲ့တယ်။ အဲဖို့စ်ဝမ်းက VC-25A ဖြစ်ပြီး၊ Boeing 747-200B ဆီးရီးစ်ကို အထူးပြုလုပ်ထာတာဖြစ်တယ်။ လေယာဉ်အမြီး ကုဒ်နံပါတ် 28000 နဲ့ 29000 ၂ စီးကိုသုံးပါတယ်။
သတင်းထောက် ၁၃ ယောက်အထိ လိုက်ပါလေ့ရှိတယ်။ သူတို့က သမတလေယာဉ်ကို စူးစမ်းကြတယ်။ ဒါပေမယ့် လျှို့ဝှက်လုံခြုံရေးအရာရှိတွေက နေရာတိုင်းမှာ ရှိနေကြတယ်။ သမတထိုင်တဲ့ လေယာဉ်ရှေ့ပိုင်းနောက်ကြားမှာ ကုလားထိုင်နှစ်လုံးနဲ့ထိုင်နေတဲ့ လုံခြုံရေးအော်ဖစ်ဆာတွေက တားပါမယ်။
ကျန်းမာရေးအတွက်မှာ ခွဲစိတ်ခန်းလည်း ပါသေးတာ။ လေယာဉ်ပျံပြီဆိုတာနဲ့ ကုန်ကျစရိတ်က တနာရီမှာ $180,000 ကနေ $200,000 အထိရှိတယ်။ ဒါတောင် အနီးစပ်ဆုံးမှန်းထားတာ။
ဒေါက်တာတင့်ဆွေ
၇-၁၂-၂၀၁၆