မြန်မာပြည်ဖက်ကိုသာ ထူးဆန်းစွာ မျက်နှာတော်အမြဲ လှည့်နေတဲ့ ထိုင်းနိုင်ငံက မြဘုရားအကြောင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံး ဦးတိုက် ရှိခိုးလေ့ ရှိပါတယ်။ မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း (၃)နာရီအထိ ဖွင့်ပါတယ်။
မြဘုရား တည်ရှိသော နေရာ၊ ဘုရားဖူးသွားမည့် ဧည့်သည်များ အနေဖြင့် ဘောင်းဘီအတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊ T Shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။ အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ် ငှားရမ်းသော နေရာများတွင် ကျသင့်ငွေ ပေးဆောင်၍ ငှား ဝတ်နိုင်ပါတယ်။
မြဘုရား ပရဝုဏ်အဝင်ဝ၊ ဘုရားဝင်း ပြင်ပတွင်လည်း စပန့်သားဘောင်းဘီများ အရှည်များကိုလည်း ရောင်းချပေးနေသည့်အတွက် ဧည့်သည်များအနေဖြင့် အဆင်ပြေစွာ ဝယ်ယူ ဝတ်ဆင်နိုင်ပါတယ်။
ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ်ဘုရင်က လက်ဆောင် ဆက်သထားပြီး ပုဂံကိုအပို့ လမ်းမှာ မုန်တိုင်းမိပြီး ထိုင်းကမ်းခြေမှာ သင်္ဘောဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ရဲတော့လို့ ကုန်းလမ်းကနေ လာအိုနိုင်ငံကို ရောက်သွားခဲ့ပြီး လာအိုဘုရင်က တမြတ်တနိုး ကိုးကွယ်ထားတဲ့ ဆင်းတုတော်ပါ။
ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါတယ်။ နှစ်နိုင်ငံလုံးက ဘုရင်တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော်ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်းခဲ့ပါတယ်။
ရာသီအလိုက် သင်္ကန်းသုံးစုံ ပူဇော်ထားပုံ၊ အနော်ရထာ ဘုရင်ဆီက မျက်နှာသာ ရလိုမှုကိုသာ အဓိကထားတဲ့ သီဟိုဠ်ဘုရင် ဟာ ခုလို အနော်ရထာဘုရင်နဲ့ အတူ အလှူရှင်အဖြစ် ရေစက်ချခွင့် ရတဲ့အတွက် ကျေနပ်သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန်လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာနေပေမယ့် ပြည်သူတွေရဲ့ သဒ္ဓါတရားကို ခုလို အသိအမှတ်ပြုလေးစားစွာ ရေစက်ချ လှူပေးတဲ့အတွက် လာအိုဘုရင်ကလည်း အနော်ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။
ဒီလို သမိုင်းကြောင်းကြီးတဲ့ မြဘုရားကိုမှ ထိုင်းက လာအိုနိုင်ငံကနေ တိုက်ခိုက်သိမ်းပိုက်ယူခဲ့ပါတယ်။ ထိုင်းဟာ လာအိုနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး လာအိုနိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့်ဆောင်လာပါတယ်။
မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင် ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁ (1782-1809) သည် AD – 1782 တွင် လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက် မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက် ခဲ့လေသည်။
မြဘုရားသည် တကယ်တော့ ကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်း ဖြစ်လေသည်။ ရာဇဝင်သမိုင်း မှတ်တမ်းထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများ ဖုံးအုပ်လျက် တွေ့ရှိခဲ့ရလေသည်။
ဆင်းတုတော်ကို ကျောင်းထိုင်ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင်သွားခဲသည်။ တစ်နေ့သောအခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ် ကွာကျပြီး အတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကိုဆရာတော်က တွေ့ရှိလိုက်ရလေသည်။
ဆရာတော်က အင်္ဂတေများ အားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြဘုရား ဆင်းတုတော်ကို ဖူးမြင်လိုက်ရ တော့သည်။ ထိုသတင်းကို ကြားကြသောအခါ လူအများသည် မြဘုရားကို ဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်က ချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင် ရှိနေသည်။
ထို့နောက် ဘုရင် ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ ပင့်ဆောင်ရန် ဆင်တော်ကို လွှတ်လိုက်လေသည်။ သို့သော် အကြိမ်တိုင်းတွင် ဆင်တော်က လမ်းဆုံ ရောက်သောအခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေး ဝင်ရောက် သွားခဲ့လေသည်။
ဆင်တော်က သုံးကြိမ်တိုင်တိုင် လမ်းပန်း မြို့တွင်းသို့ ပြေးဝင်ပုံကို ထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေးရပြီးနောက် ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင် ဘုရင် တိလောက စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။
AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော် မကျန်ရစ်ဘဲ နတ်ရွာစံလေတော် သမီးတော် တစ်ပါးက လာအိုဘုရင်နှင့် စုလျား ရစ်ပတ်လေသည်။ သမီးတော် ချိုင်းချက်သ မင်းသား ဖွားမြင်တော်မူသည်။
ချင်းမိုင် ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကို ထီးနန်း အပ်သောအခါ လက်ခံခဲ့လေသည်။
သို့သော်ငြားလည်း သူ၏ ခမည်းတော် လာအိုဘုရင် နတ်ရွာစံသောအခါ မင်းသားသည် သူ၏ တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။ ထို့ကြောင့် AD- 1552 တွင်မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော လွမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင် သွားခဲ့လေသည်။
ချင်းမိုင်ဝန်ကြီးများကို သူပြန်လာပါမည်ဟု ကတိပြုခဲ့လေသည်။ သူ ဘယ်တော့မှ မပြန်ခဲ့သလို မြဘုရားသည်လည်း လွမ်ပရာဘန်တွင် ၁၂ နှစ် တိုင်တိုင် စံပယ်နေခဲ့ရလေသည်။ AD- 1564 တွင် ဘုရင်ချိုင်းချက်သသည် လာရောက် တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကို ဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကို ဗီရန်တိန်သို့ ပြောင်းရွှေ့ စိုးစံခဲ့ရ တော့သည်။
ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း၂၁၄ နှစ် တိုင်အောင် စံပယ် နေခဲ့ရတော့၏ ။ ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD – 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦးအဖြစ် ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက် မြဘုရားကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။
ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်းနန်းတော်အတွင်း ထည့်သွင်း စံပယ်တော် မူစေလေသည်။ ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ် စောင့်ရှောက်ပေးသောအဆောင် တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။
ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD – 1784 March 22 တွင် ပင့်ဆောင်ခဲ့ကြလေသည်။ ရာမဘုရင် ၁ က မြဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့် မိုးတွင်သင်္ကန်း ကပ်လေသည်။ ရာမဘုရင် ၃ က (1824 – 1851) တွင် မှ တစ်ကြိမ် ထပ်တိုး၍ ဆောင်းသင်္ကန်းပါ ကပ်လှူလေသည်။
မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကိုနှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။ ဉာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။ ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။
ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန်တရားထိုင်နေပုံမှာ တောင်ပိုင်း အိန္ဒိယနှင့် သီရိလင်္ကာဟန်နှင့် ဆင်တူနေလေသည်။ မြဘုရားကို ထိုင်းတွေက ဝပ်ဖကရောက် Wat Phra Kaew ဟု ခေါ်သည်။ ဝပ် ဆိုသည်မှာ ဘုရား၊ ကရောက်က ကျောက်စိမ်း ဖြစ်သည်။ မြဘုရား၏ ထူးခြားချက် တစ်ခုမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့သာ မျက်နှာလှည့်နေခြင်း ဖြစ်သည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)