အငွေ့ပျံသွားတဲ့ အခွန်ငွေ၊ တရာဖိုး သုံးစီး မူဝါဒအလွဲနဲ့ မြန်မာပြည် ကားဈေး ပြန်ကျမယ့်အချိန်

တချို့ ထင်တယ်။ ကားစျေးကျချင်ရင် ကားပေါပေါ သွင်းပေးလိုက်ရင် ကျပြီပေါ့။ ကားကို ဘာလို့ အခွန်ကောက်ပြီး ပေါပေါ မရောင်းလဲဆိုတော့ ကားဟာ မြေနေရာတွေ ယူတယ်။ ကားတစီးသွင်းလာတိုင်း ပါကင်အတွက် သူက လမ်းနေရာတွေ ယူသွားပြီးပြီ။ မြန်မာမှာ ကားလမ်းက လွဲပြီး MRT လို ရထားလမ်းတွေ မရှိတော့ လူများစုက ကားကိုပဲ အားကိုးနေရတာ။

နောက်ပြီး မြန်မာပြည်ရဲ့ လူဦးရေက နှစ်စဉ် တိုးနေတာ။ လူတိုင်း ကားတစီး ပိုင်ချင်ကြတာပဲ။ ဘတ်စ်ကားတိုးစီးရတာထက် ကားစီးနိုင်ရင် ကားစီးချင်ကြတဲ့သူတွေ ချည်းပဲ။ ကားသာ ဝယ်နိုင်ရင် ကားကို ဝယ်ကြမှာ။ ခက်တာက ကားလမ်းကောင်းတွေက မြို့ပြကြီးတွေမှာပဲ ရှိတယ်။ တောတွေ ရွာတွေမှာက ကားရှိရင် ပါကင်တွေက ကျယ်တော့ ကားကို without တွေချည်း စီးကြတာ။

မြို့ပေါ်တွေကျတော့ မတူတော့ဘူး။ without စီးဖို့ မပြောနဲ့၊ လူတဦး ကားတစီး ပိုင်ဖို့ မပြောနဲ့။ လက်ရှိ ရှိနေတဲ့ ကားတောင် ကားပါကင်တွေက ပြည့်နေတာ။ အထပ်မြင့်တွေ ပေါ၊ လူနေထိုင်မှု ထူထပ်ပေမဲ့ ကားအတွက် ပါကင်က အရမ်းခက်ခဲကြတာ။ ကိုယ်အိမ်ကိုယ်ပိုင် ကိုယ်လမ်းထဲမှာပဲ ကားပါကင်ကို အလုအယက် ကြပ်ညှပ်ပြီး ထားနေရတာ။

ကားတွေဟာ တနေ့တခြား များသထက်များလာတယ်။ လူဦးရေကလည်း ထူထပ်သထက် ထူထပ်လာတော့ လူတိုင်းမှာ ကားလိုချင်တဲ့အိပ်မက်ရှိပေမဲ့ ကားဝယ်နိုင်တဲ့ အင်အားရော ကားပါကင်ထားရမည့် ပြဿနာရောကို မဖြေရှင်းနိုင်ကြဘူး။

ရန်ကုန်လို နေရာပဲ ကြည့်၊ အလုပ်ချိန်တွေဆို ကားလမ်းတွေ ပိတ်ကုန်ပြီ။ ကိုယ်သွားတဲ့ နေရာမှာ ကားပါကင်ထိုး မရတော့ အဆင်မပြေမှုတွေ ဖြစ်ကုန်တယ်။ ဒီတော့ ရန်ကုန်မြို့ရဲ့ ကားများလာမှုနဲ့ ကားတွေအတွက် ပါကင်နေရာ မလုံလောက်မှုအတွက် ကားတွေကို ရန်ကုန်လိုင်စင်မပေးတော့ပဲ နယ်လိုင်စင်တွေနဲ့ ချပေးတော့ ရန်ကုန်ရဲ့ ကားကျပ်မှုက ပိုကြီးလာတယ်။

ဒါတောင် တိုင်းပြည်ပျက်နေလို့ စစ်တွေ ဖြစ်နေလို့ ရန်ကုန်မှာ အလုပ်အကိုင် လုပ်ငန်းတွေ ရပ်နေလို့ ကားတွေ အရင်လို မပိတ်တာတောင် ကားတင်သွင်းလာလို့ ကားအရေအတွက်တွေဟာ တနေ့တခြားများများလာပြီး S နံပါတ်တွေအထိတောင် ဖြစ်လာတယ်။

အခုချိန်မှာ ပြည်သူအများ စက်သုံးဆီစျေးကြီးလို့ ပစ်ခတ်မှုတွေနဲ့ မလုံခြုံလို့ အရင်လို အပြင်သိပ်မထွက်တော့ပေမဲ့ ခေတ်တွေ ပြန်ကောင်းလာလို့ ကားစျေးတွေ မတရားတက်လာလို့ ကားတွေ အလုံးအရင်း သွင်းပြီး ဖြေလျော့ပေးမယ်ဆိုရင် ကားအစီးရေ ဘယ်နှစ်စီးလောက် ရန်ကုန်အတွက် ဆန့်ဦးမှာလဲ။

ကားစျေးကျဖို့ သိန်းစိန်ခေတ်ကလို အိပ်မက်နဲ့ ကားတွေကို ထင်တိုင်းပေးသွင်းလိုက်လို့ ကားလမ်းတွေ ပိတ်ပြီး နာရီပိုင်းနဲ့ ချီ လမ်းပိတ်နေတာတောင် အဲဒီအချိန်က K အတန်းလောက်ပဲ ရှိသေးတယ်။ အခုအချိန်လို MDY , Bago လိုင်စင်တွေနဲ့လည်း ရန်ကုန်မှာ စီးတာ မရှိဘူး။

နောက်ပြီး ယခု ကားနံပါတ်က S တောင် ရောက်နေပြီး ကားစျေးတွေကလည်း မိုးပေါ် ခေါင်ခိုက်နေတယ်ဆိုတော့ သိန်းစိန်ခေတ်ကလို ကားစျေးတွေ ပြန်ကျချင်လို့ ကားတွေ အလုံးအရင်းပေးသွင်းလိုက်မယ်ဆိုရင် တိုးလာတဲ့ လမ်းပိတ်ဆို့မှုတွေဖြေရှင်းဖို့ စရိတ်အတွက် အခွန်တွေ ဘယ်က ရမလဲ။

ကားပိုကြပ်လေ ကားတင်သွင်းခွန်က ပိုများလာရမှာမလို့ ကားစျေးက ကျသွားဖို့ဆိုတာ မရှိဘူး။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေလို ကားသစ်တွေ ပိုမောင်းနိုင်ဖို့ မိုးပျံတံတားတွေ ကားပါကင်ကြီးတွေ အလုံအလောက်ဆောက်ပေးနိုင်မှ ကားစျေးပြန်ကျဖို့ မျှော်လို့ရမယ်လို့ သုံးသပ်မိတာပါ။ အခုက သိန်းစိန်ခေတ်ကလို နောင်တက်မည့်အစိုးရက ကားစျေးကျအောင် လုပ်ပေးနိုင်မယ်ထင်နေကြလို့ ဆရာတွေရဲ့ အမြင်လေးတွေ ပြောပြပါဦး။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page