ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ချမ်းသာတဲ့ သူဌေးသားဘဝကနေ ရဟန်းဘဝ ခံယူခဲ့တဲ့ သာသနာ့အာဇာနည်

ဆရာတော့်ဘွဲ့အမည်က အရှင်သီရိပုညော မလေးရှားနိုင်ငံရဲ့ တတိယအချမ်းသာဆုံး၊ ကမ္ဘာ့အဆင့် ၈၉ ထိချမ်းသာတဲ့ တစ်ဦးတည်းသောသားပေါ့။

အင်္ဂလန်မှာ ကြီးပြင်းခဲ့သလို ဘာသာစကား ၈မျိုးအထိ ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။

ဖခင်ဖြစ်သူက မလေးရှား၊အမေရိကန်၊ ထိုင်းနဲ့ပြင်သစ်နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ သူဌေးကြီးပေါ့။

ဆက်သွယ်ရေးနဲ့ဖျော်ဖြေရေးအတွက် ကိုယ်ပိုင် ဂြိုလ်တု ၃လုံးလည်းပိုင်ဆိုင်ထားသလို ခရီးသွားတဲ့အခါ ကိုယ်ပိုင်ဂျက်လေယာဉ်ကိုသာ အသုံးပြုလေ့ရှိပါတယ်။

သူဌေးသားဖြစ်ပေမယ့် ဇိမ်ခံကားတွေ၊ ပြိုင်ကားတွေနဲ့အတူ မိန်းမလှလေးတွေနဲ့ ယစ်မူးပျော်ပါးနေသူမဟုတ်။ ဗုဒ္ဓရဲ့အဆုံးအမ ဓမ္မတွေနှင့်သာ အချိန်ကုန်လွန်စေခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်က ကျောင်းပြီးလို့ ပြန်လာတဲ့သားကို စီးပွါးရေးလုပ်ငန်းတွေ လွှဲအပ်ဘို့ ဖခင်ဖြစ်သူက စီစဉ်ထားခဲ့ပေမယ့် သားဖြစ်သူက ငြင်းဆန်လို့ ရဟန်းပြုခွင့်ကိုသာ တောင်းဆိုခဲ့ပါတော့တယ်။

အိမ်မှာမွေးတဲ့သား အဖြစ်မှ သိမ်မှာမွေးတဲ့သား အဖြစ် ခံယူခဲ့သလို ဖခင်၏ ဓနအမွေကို စွန့်ပယ် ဗုဒ္ဓ၏ ဓမ္မအမွေကိုသာ နှစ်တွယ်ခဲ့ပါတော့တယ်။

လောကစည်းစိမ်တွေကို ကျောခိုင်းစွန့်ခွါလို့ ထိုင်း၊မြန်မာနယ်စပ်က တောကျောင်းလေးမှာပဲ သီတင်းသုံးကာ သာသနာပြုလျက်ရှိပါတယ်။ တစ်နေ့လျှင် တစ်နပ်သောဆွမ်းကိုသာ ဘုန်းပေးသုံးဆောင်တော်မူပါတယ်။ ယခုဆိုလျှင် သက်တော် ၅၀ ၊ ဝါတော် ၃၀ ရှိခဲ့ပါပြီ။

ဗုဒ္ဓသာသနာပြန့်ပွါးရေးအတွက် နိုင်ငံအသီးသီးသို့ ကြွချီ၍ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းရွက်တော်မူလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page