မြောက်ကိုရီးယား၊ အီရန်တို့နဲ့ အတူတူ မြန်မာ နာမည်ပျက်စာရင်း ဝင်သွားရတဲ့ အဓိက အကြောင်းရင်း

Black list က ဘာလို ကြေညာကြတာလဲတဲ့၊ ကောင်းလိုက်တဲ့မေးခွန်း။ အဲ့မေးခွန်းရဲ့အဖြေကို အရင်ဆုံးသိသင့်ကြလို့ ဉာဏ်မှီသလောက်ရေး ရေးပါဦးမယ်။ ဒါကိုမပြောမီကြေညာတဲ့ အဖွဲ့ကဘာလဲဆိုတာအရင် ကြည့်ရအောင်ပါ၊ ကြေညာတဲ့ F​AFT ဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့လို့ ခေါ်ပါတယ်။

ဒါဆို သူတို့ ဘာကို စောင့်ကြည့်လေ့လာနေကြတာလဲဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။ ဒီတော့ငွေကြေးခဝါချတယ် ဆိုတာက ဘာလဲဆိုတာဆက်သွားရရင် ပြင်ပမှာ၊ တရားဝင်မှတ်ပုံတင်ပြီး သမာအာဇီဝ ကျကျရင်းနှီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ စီးပွား​ရေးလုပ်ငန်း၊ မတည်ငွေ၊ ရှယ်ယာ၊ အမြတ်၊ ဝင်ငွေတစ်ခုခုတောင် မပြနိုင်ဘဲ ပြည်သူ့ဘဏ္ဏာထဲကနေ ဘက်ဂျက်တွေအထဲကနေ ရာခိုင်နှုန်း စားခိုးယူလို့ရတဲ့ ငွေမဲတွေ၊ အချိုအချောင်ရတဲ့ ငွေမဲတွေ၊

ပြည်ပကုမ္ပဏီတွေ ဆီကနေ ပွဲစားခ ရာခိုင်နှုန်းစား၊ အဂတိနဲ့ ဝိုက်ထားတဲ့ ငွေမဲတွေ၊ သဘာဝဓါတ်ငွေ့ကျောက်သံပတ္တမြားတွေကို မှောင်ခိုလက်ဆောင်ရရှိပြီး တရားမဝင်ပြန်ရောင်းပြီးရတဲ့ ငွေမဲတွေ၊ နောက်လက်မဲကြီးတွေရဲ့ -ူးယစ်ဆေးရောင်းရငွေတွေ၊ လက်သိပ်ထိုးရတဲ့ ငွေမဲတွေ၊

ဒါ့အပြင် နယ်စပ်ဒေသမှာရော၊ အခုဆို မြို့ကြီးအချို့မှာပါ အမြစ်တွယ်နေတဲ့ တရားမဝင်လောင်းကစားဝိုင်းတွေကနေ စီးဆင်းလာတဲ့ငွေမဲတွေ၊ ခေတ်အဆက်ဆက် နိုင်ငံကို ချနင်းပြီး ခိုးယူထားကြတဲ့ တရားမဝင်ငွေမဲတွေ ဒီငွေမဲတွေကို ခဝါသည်အဝတ်လျော်သလို ခဝါချပြီး ငွေဖြူလုပ်ချင်ကြတာ၊ သူတို့ မဟားဒယားရကြတဲ့ အဂတိငွေမဲတွေကို ပြည်တွင်းမှာတော့ကြိုက်သလောက်သုံးလို့ရကြတာပေါ့၊​ ​ရွှေ၊ ဒေါ်လာ၊ မြေ၊ ကားတွေ အများကြီး ဝယ်ထားကြတာ၊

ပြီးရင် သူတို့ကဘဲ ရွှေ၊ ဒေါ်လာစျေးပြန်ကစားကြ။ (စျေးတွေဘာကြောင့်တက်၊ ဘယ်သူတွေ ကစားနေကြတာလဲ သဘောပေါက်မယ်ထင်တယ်။) ဒီအပေါ် ဗဟိုဘဏ်နဲ့ ​ပြည်တွင်းက ဥပဒေအရ ငွေကြေးခဝါချမှု စောင့်ကြည့်ထိန်းချုပ်မယ့် ခဝါချထိန်းတဲ့အဖွဲ့ကလည်း ဒီငွေတွေ ဘယ်လုပ်ငန်းကနေရတာလဲ၊ ဘယ်လိုကောင်းရောင်းကောင်း ဝယ်လုပ်ပြီးရလာတာလဲလို့ မေးကြမှာ စစ်ရဲ​ကြတာမဟုတ်ဘူး။

သွားမေးရင်လည်း မေးတဲ့ကောင် အစိခံရမှာကိုး။ ဂုတ်ပေါ် ဒါးမိုးခံထားရတာကိုး။ ဒီတော့ ဘယ်သူက ဒါကိုထိန်းချုပ်မလဲ ဆိုတော့ အဖြေက ဒါဘဲ။ ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့ FAFT ကဘဲ မှန်လား၊ မမှန်လားဆိုတာ စောင့်ကြည့်လေ့လာပြီး မှန်တာမို့ အခုလိုကြေညာတာဗျား။

လူပိန်းနားလည်အောင် ပြောရတာ၊ မောလှတယ်။ မထိန်းလို့လည်း မရတော့ဘူး၊ ဒီနိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာထဲက တရားဝင်ငွေကနေ ငွေမဲဖြစ်သွားရတဲ့ ငွေတွေ၊ ပြည်တွင်းက သယံဇာတတွေဆီက ရတဲ့ငွေမဲတွေ၊ အဂတိကြောင့်ရတာတွေဟာ ပမာဏအလွန်များတဲ့အခါ ကျပ်ငွေကနေ ဒေါ်လာ၊ ဘတ်၊ ယွမ်၊ ​ပေါင်၊ ယူရိုကို ပြောင်းပြီး အခြားနိုင်ငံတွေက ဘဏ်တွေထဲ သွားထည့်ထားကြတာမျိုး၊ အခြားနိုင်ငံတွေမှာ မြေ၊ကား၊တိုက်တွေ သွားဝယ်ကြတဲ့အခါ

အရင်လတွေက ထိုင်း၊ဆော်ဒီ စလုံးဖက်မှာ ကွန်ဒိုတွေအလုအယက်သွားဝယ်ကြ၊ သူတို့ဘဏ်တွေထဲ ဒေါ်လာတွေသွားထည့်ကြတာကို ပျော်ပျော်ကြီးလုပ်နေကြတာကို စောင့်ကြည့်နေပြီး ဒါဟာ သူတို့နိုင်ငံတွေရဲ့ ငွေကြေးအိမ်ခြံမြေစျေးကွက်တွေကိုပါ ထိခိုက်လာတဲ့အခါ ဒါ့ကြောင့်ဒါတွေကို စောင့်ကြည့်လေ့လာပြီးတဲ့အခါ

ဒီမြန်မာပြည်က ထွက်လာတဲ့ငွေကြေးတွေဟာ အန္တရာယ်မြင့်မားတဲ့ငွေကြေး (Third High-Risk) နိုင်ငံအဖြစ် ကြေငြာခဲ့တော့တာဘဲဖြစ်တယ်။ ဆိုလိုတာက မြန်မာပြည်ကနေ နိုင်ငံပြင်ပက ဘဏ်တွေဖြစ်ဖြစ်၊ အရောင်းအဝယ် တစ်ခုခုဖြစ်ဖြစ် လုပ်ကြမယ့်အခါ မင်းတို့ မြန်မာပြည်သားတွေ ကိုင်ထားတဲ့ ဒေါ်လာ၊ ဘတ်၊ ယွမ်၊ ရူပီး၊ ဒက္ကာ ၊ပေါင်၊ ယူရိုဟာ မသန့်ရှင်းဘူးကွ၊ ငါတို့ဆီ လာမထည့်ကြနဲ့၊ မင်းတို့ငွေကြေးတွေကို Blacklist သွင်းထားပြီကွ၊

မင်းတို့နဲ့ မြောက်ကိုရီးယား၊ အီရန်တို့ဟာ ငွေကြေးရှာဖွေမှုမှာ မကောင်းဆိုးဝါးမိစ္ဆာဝင်ရိုးစွန်း ၃နိုင်ငံ ဖြစ်သွားပြီကွ။ မြန်မာ​တွေကိုင်လာတဲ့ သူ့ကျပ်​ငွေရော ၊နိုင်ငံခြားငွေတွေရောက မသန့်ရှင်းဘူးကွ၊ မင်းတို့ငွေတွေနဲ့ လာမလဲကြစေနဲ့၊ မင်းတို့ဘဏ်တွေထဲလည်း လာထည့်ရင် လက်မခံကြနဲ့ကွ၊ ငါတို့အသေအချာအချိန်ယူလေ့လာစောင့်ကြည့်ပြီးမှ တရားမဝင်ငွေကြေး၊ ငွေမဲတွေလို့ အမည်ပျက်ကြေညာတာကွလို့ FAFT က ကမ္ဘာ့နိုင်ငံတွေကို ကမ္ဘာသိကြေညာလိုက်တာဘဲ။

ကဲ ဒါဆို မြင်သာထင်သာရှိကြပြီလို့ ထင်ပါတယ်။ စောရ နက္ခတ်နဲ့မွေးလာကြတဲ့သူခိုးတွေ ပေါတဲ့ ဒီနိုင်ငံ၊အဂတိလိုက်စားကြပြီး ပေါပေါပဲပဲ အလကားမတ်တင်းအချောင်နှိုက် အချောင်ယူ အချောင်နေချင်ကြသူ များကြတဲ့ ဗျူရိုကရက်ပေါတဲ့ ဒီနိုင်ငံဟာ နောက်ဆုံး ဒီဘူတာဆိုက်ကြရတာ မဆန်းပါဘူး။ ဒါကိုဘဲ အခုထိ ဖာထေးရေးနေကြတဲ့ သူတွေကိုလည်း အော့နှလုံးနာမိတယ်။

ထူးထူးခြားခြား မထိခိုက်နိုင်ပါဘူးတဲ့။ ထိခိုက်မလား၊ မထိခိုက်နိုင်လားဆိုတာ ကျန်တဲ့ပညာရှင်ဆန်တဲ့အသုံးအနှုန်းတွေ၊ ဘောဂပညာရပ်တွေကို အသာထားပြီး အခု အပေါ်မှာ ရေးပြတဲ့ ရိုးရိုးစင်းစင်း ဗမာစာကိုဘဲ အဓိပ္ပါယ် နားလည်အောင် ဖတ်ကြည့်ရင် သိနိုင်ကြပါလိမ့်မယ်လို့ ပြောရင်း (Thanphyo Naing)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page