သူဌေးကြီး အီလွန်မက်စ်ပိုင်တဲ့ အာကာသယာဉ် လကမ္ဘာကို ဝင်တိုက်မိပြီး ပျက်ကျမယ့်အခြေအနေ ဖြစ်ပေါ်
ဘီလျံနာ သူဌေးကြီး အီလွန်မတ်စ်၏ Space X ကုမ္ပဏီမှ အာကာသယာဉ်တစ်စီးသည် အာကာသအတွင်းဝယ် ထိန်းချုပ်မရတော့သော အခြေအနေတွင်ရှိနေရာမှ လကိုဝင်ရောက်တိုက်မိကာ လပေါ်သို့ ပျက်ကျနိုင်တယ်လို့ သိရပါတယ်။
ထိုသို့ ပျက်ကျမှုသည် သိပ္ပံပညာရှင်များအတွက် အထူးစိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ ထင်ရှားတဲ့ ဘူမိဗေဒပညာရှင် ဂျိမ်းစ်ဒဗလျူဟက်က ပြောပါတယ်။
မတ် ၄ ရက်နေ့ တွင် တိုက်မိပျက်ကျနိုင်ကြောင်း သုတေသီတို့က ခန့်မှန်းထားပါတယ်။ ယင်းအာကာယာဉ်ဟာ ၂၀၁၅ ခုနှစ်မှ စတင်၍ မြေပြင်မှ ထိန်းချုပ်၍မရတော့ပဲ လပတ်လမ်းကြောင်းအနီး အာကာသထဲတွင် လွင့်မျောနေခဲ့ခြင်းဖြစ်ပါတယ်။
အာကာသယာဉ်၏ အလေးချိန်မှာ ၄ တန်ရှိသော်လည်း ယင်းအလေးချိန်ရှိ အရာဝတ္ထုတစ်ခုက လကိုဝင်တိုက်မိခြင်းအား ကမ္ဘာပေါ်မှ မြင်တွေ့နိုင်မည်မဟုတ်သလို၊ နာဆာ၏ စောင့်ကြည့်အာကာသယာဉ်မှလည်း မြင်တွေ့နိုင်မည်မဟုတ်ကြောင်း နာဆာမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အာကာသပညာရှင်တို့အနေဖြင့် လ၏ တုန့်ပြန်မှုများကို လေ့လာရန်အတွက် အာကာသယာဉ်ဖြင့် လကိုဝင်တိုက်မိစေရန် ယခင်က ကြံစည်ခဲ့ကြဖူးကြောင်းသိရပါတယ်။
အာကာသယာဉ် ပျက်ကျမည့် ယခုဖြစ်ရပ်သည် မရည်ရွယ်ပဲနှင့် လေ့လာခွင့်ရမည့် အခြေအနေတစ်ခုဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ပြောကြား နေကြပါတယ်။