ဝက်သားဈေး ၈၀ ရာခိုင်နှုန်းတက် (အသားဟင်းဆိုတာ အရုပ်ရေးပြရမယ့် ခေတ်ရောက်တော့မှာလား)
လတ်တလောမှာတော့ ကုန်ဈေးနှုန်းတွေ အားလုံး တက်နေတဲ့အချိန်မှာ ဝက်သားဈေးနှုန်းတွေလည်း တက်လာတာကို တွေ့ရပါတယ်။
ယခင်ကကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းအောက်အတွင်းသာ ဈေးရှိခဲ့တဲ့ ဝက်သားဈေးနှုန်းဟာ အခုဆိုရင် ဈေးကွက်ထဲမှာ ဝက်သားတစ်ပိသာရဲ့ လက်လီဈေးဟာကျပ် ၁၅၀၀၀ ကနေကျပ် ၁၈၀၀၀ အထိရှိလာပြီးနယ်ပယ် ဒေသအသီးသီးတော့ ဈေးနှုန်းကွာဟမှုရှိနေပါတယ်။
အဓိကဈေးမြင့်နေရတာကဝက်တွေရောဂါကြစေတဲ့အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်မွေးမြူသူများ မှ လျှော့ချ မွေးမြူနေရတဲ့အပြင် ဝက်အစာဖွဲနု၊ ဆန်ကွဲစသဖြင့် ဈေးမြင့်နေရတာကြောင့်လို့ မွေးမြူသူတစ်ဦးကဆိုပါတယ်။
ယခင်က ဝက်သားအတွက် ဝက်မွေးမြူရေးခြံကို လာရောက်ဖမ်းယူရတဲ့ ဈေးနှုန်းက တပိသာကိုကျပ် ၆၀၀၀ သာရရှိခဲ့ရာက အခုတော့တစ်ပိဿာကို ငွေကျပ် ၈၃၀၀ အထိ ဈေးတက်လာတယ်လို့ ဝက်မွေးမြူရေးလုပ်ကိုင်သူထံမှ သိရပါတယ်။
၅၀ ရာခိုင်နှုန်းကျော် တက်လာတဲ့ ဝက်သားဈေးနှုန်းကြောင့် ထမင်းဆိုင်များအနေနဲ့ ယခင်ဈေးနဲ့ လုံးဝရောင်းချလို့ မရတော့ဘူးလို့ သိရပါတယ်။ အခြေခံလူတန်စားတွေရဲ့ အဓိက အားထားရာ ဘဲဥ၊ ကြက်ဥနဲ့ ကန်စွန်းရွက် ဈေးတွေ အဆမတန် တက်ရုံမက ဝက်သားဈေးပါ အဆမတန်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ပိုမိုကျပ်တည်းလာပြီ ဖြစ်ပါတယ်။