YBS 77 ပေါ်မှာ တွေ့ခဲ့တဲ့ စိတ်မကောင်းစရာ မြင်ကွင်း (လူတွေ ကိုယ်ချင်းစာစိတ် မရှိကြတော့ဘူးလား)

YBS ဘတ်စ်ကားပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ စိတ်မကောင်းစရာ မြင်ကွင်းတခုနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးကို ဖော်ပြ ပေးလိုက်ပါတယ်-

ဒီနေ့ YBS 77ပေါ်မှာ မြင်ရတာ တကယ်စိတ်မကောင်းစရာပါ။ အဖိုးက ခြေတစ်ဖက်လဲမသန်ပါဘူး။ တောင်ဝှေးအဓိက အားထားရသူပါ။

အရွယ်နဲ့မမျှ မနက်တိုင်း အလုပ်လုပ်နေတဲ့ လေးစားရတဲ့သူ။ အသက်ဆိုတဲ့အရွယ်ကို အန်တုပြီး လောကဓံကို ကြံ့ကြံ့ခံနေသူပါ။ ကျေးဇူးပြု၍ မမြင်ချင်ယောင်မဆောင်ကြပါနဲ့။ ကိုယ်လဲ ဒီအရွယ်မှာ ကိုယ်ပိုင်ကား (သို့) တက်စီ စီးပြီး အေးဆေးနေနိုင်မယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ (Nevermore Thiha)

မှတ်ချက်ပြုသူ (၁) – တခါတလေအသက်ကြီးတဲ့သူတွေက အထိုင်အထမကောင်းပါဘူး အဲဒီလိုမျိုးဆိုနေရာ ပေးပေမယ့် သူတို့မယူပါဘူး နောက်ပြီး မှတ်တိုင်နီးတဲ့ အဖိုးအဖွားတွေက နေရာပေးလည်းမထိုင်တော့ပါဘူး အဲဒီလိုတွေလည်းရှိပါတယ် အရေးကြီးတာကတော့ ကိုယ့်အနားနီးရင် မေးကြည့်လိုက်တယ် အဲဒီလို အခြေနေရှိရင် ကိုယ့်ဘာသာလိပ်ပြာလုံလုံနဲ့ ထိုင်နေနိုင်ပါတယ်။ အဓိက သူများကောင်းတာ မကောင်းတာထက် ကိုယ်ကိုယ်တိုင်ကောင်းအောင်ကျင့်ဖို့ကအဓိကပါ။

မှတ်ချက်ပြုသူ (၂) – ကိုယ်ဆို အမြဲ ထပေးတယ် အသက်ကြီးမှမဟုတ်ဘူး အလုပ်ကပြန်လာတဲ့ အမတွေဆို သူတို့ အလုပ်မှာပင်ပန်းနေမှာဘဲ ဆိုပီး ကိုယ်နေရာရရင်တောင် မထိုင်ဘဲ သူတို့ကိုထိုင်ခိုင်းတယ် တစ်ခါတစ်လေ ကိုယ်လည်းခြေထောက်အရမ်းကိုက်နေတဲ့အခါတွေဆို တကယ်ကိုယ်ထက်အသက်ကြီးတဲ့သူတွေကို အားနာတယ် ထပေးချင်တယ် ဒီမှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ အဆင်မပြေ ပြန်ဘူးလေ။ လူတိုင်းမှာ အကြောင်းပြချက်ကိုယ်စီနဲ့ပါ။

မှတ်ချက်ပြုသူ (၃) – မထပေးလို့ကြည့်လိုက်ရင် လူငယ်တွေပဲ ကိုယ့်ထက်အားနည်းရင်ဘယ်သူမဆို ထပေးရမယ်။ အသက်ကြီးတဲ့သူကိုပိုဦးစီးပေးရမယ် ကားပေါ်မှာ ဦးစားပေးနေရာပေးရမယ့်လူတွေကို မသိတာလား မသိချင်ယောင်ဆောင်တာလားမသိ ဓာတ်ပုံရိုက်တင်တဲ့သူကကော် နေရာရလား နေရာရရင် အဘကိုဒီမှာထိုင်ပါလို့ပြောပေါ့ အဲ့အရှေ့မှာထိုင်နေတဲ့ဟာနှစ်ယောက် သူ့အလိုလိုအရှက်ကွဲသွားလိမ့်မယ်။

မှတ်ချက်ပြုသူ (၄) – အဘကမငြင်းဘူး။ သူခြေမသန်တဲ့အတွက် ကူညီပြီးထပေးရင် မငြင်းပါဘူး။ အဘက ခြေတဖက်ကအတုပါ။ အဘက မြေနီကုန်းနားထိစီးရတာပါ။ အဲဒီထိုင်နေတဲ့တစ်ဝက်က စံရိပ်ငြိမ်မှာ ဆင်းတဲ့သူတွေချည်းပါ ကြည့်ရင်း ရင်နာရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page