ရထားပေါ်မှာ အမှတ်မထင် တွေ့ခဲ့ရတဲ့ အလွန် အဓိပ္ပာယ် ပြည့်ဝတဲ့ ဓာတ်ပုံလေး တပုံ
အဓိပ္ပာယ် ပြည့်ဝတဲ့ပုံလေးပါပဲ။ အင်ဒို မီးရထား တစ်စီးပေါ်မှာပါ။
ပုံရဲ့ ဘယ်ဖက်ကတော့ နေဝင်ချိန်ကိုရောက်နေတဲ့ ဖခင်ကို ထွေးပွေ့ထားတဲ့ သားအဖပုံပါ။ ပုံရဲ့ ညာဖက်ကတော့ အပူအပင်ကင်းတဲ့ ကလေးဘဝလေးကို မိဘရဲ့နွေးထွေးမှုနဲ့အတူ ဖြတ်သန်းခွင့်ရနေတဲ့ ကလေးလေးပါ။
ညာဖက်က ပုံလေးထဲကလို သားသမီးကို မိဘက ပြုစုပျိုးထောင်ခဲ့ရတာမို့ သူတို့တွေအိုမင်းမစွမ်း တဲ့အချိန် ဘယ်ဖက်ကပုံလေးထဲကလို နွေးထွေးမှုပေးမယ့် သားသမီးတွေ ဖြစ်ကြပါစေ။
တကယ်တော့ မိဘဆိုတာ တံခါးတွေပါပဲ။ အဲ့တံခါးကို ဖွင့်ဖို့အသုံးချမလား၊ ပိတ်ဖို့ အသုံးချမလား ဆိုတာတော့ သင့်ရဲ့ ရွေးချယ်မှုပါပဲ။
မိဘတွေ မသေခင်က လုပ်ကျွေးပါ။ သေမှ မငိုပါနဲ့ဆိုတဲ့ မြန်မာစကားပုံလို မိဘဆိုတာ သက်ရှိဘုရားပါပဲ။ အဲဒါကြောင့် မိဘကို သက်ဆုံးတိုင် စောင့်ရှောက်ပေးတဲ့ သားသမီးများ ဖြစ်ကြပါစေလို့ ဒီနေရာကနေ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။