သူဌေးတွေက မနှေးခေတ်မီ လူမွဲ ဖြစ်တော့မည် (မြန်မာ့ကုမ္ပဏီများ အစုလိုက်အပြုံလိုက် ဒေဝါလီခံ)
မတ်မတ်သင်ဇာ မွေကြီး ကိစ္စ အသာထား ကုမ္ပဏီတွေ လူမွဲခံယူ ၊ စာရင်းရှင်း ဖျက်သိမ်းဖို့ တာစူနေပြီ။ ရှင်းရှင်းပြောရရင် ဒေဝါလီခံပါတော့မယ်။ သီရိလင်္ကါကို တကယ် အမှီလိုက်နေတာနော်။ မပြော မရှိနဲ့ ။ နဂါးနီသီချင်း အော်ဆိုကြ။ ဘာတဲ့ လူမွဲတွေက မနှေး ခေတ်မီ သူဌေးဖြစ် တော့မည် (John Ko Ko)
ထိုင်းဘတ်ငွေ ၁၅၀၀ ကျော်ကို မြန်မာငွေ ၁ သိန်း ဆိုတော့ ထိုင်းက အမျိုးတွေက ပျော်ကြတယ်။ ပိုက်ဆံနည်းနည်းနဲ့ ငွေများများရတာကို။ ဒါပေမယ့် အရင် ကိုယ် ၁ သိန်းပို့ရင် လောက်တဲ့ အိမ်က အခု ၂ သိန်း၊ ၃ သိန်းလောက် ပို့မှ လောက်ပါတော့မယ်။
ဘာလို့လဲဆိုတော့ အရင် ၁၀၀၀ နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းက အခု ၂၀၀၀ ကျော်၊ ၃၀၀၀ ဖြစ်သွားပါပြီး။ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နဲ့ ငွေကြေးဖောင်းပွခြင်း inflation ပါပဲ။ ဒါကြောင့် ကိုယ်ငွေများများရလဲ အရင်အတိုင်း ဒုံရင်းက ဒုံရင်းပါပဲ။
ဒီအချိန်မှာ အရမ်းအထိနာမှာက အကြွေးရှင်တွေပါ။ အရင်က ကိုယ် သူများကို ချေးပေးထားတဲ့ ပိုက်ဆံ ၁ သိန်းက အခု ၅ သောင်းပဲ တန်ဖိုးရှိပါတော့တယ်။ ခုအချိန်မှာ အကြွေးဆပ်ရင် ဆပ်တဲ့သူတွေ အတွက် ကိုယ်ယူထားတဲ့ ပိုက်ဆံတွေကို အပြည့်မပေးရတော့ပဲ တစ်ဝက်ပဲ ပြန်ပေးရတာနဲ့တူပါတယ်။
ခုဒေါ်လာဈေးက ၂၇၀၀ ကျော်သွားပါပြီး။ သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်ပါ။ ထပ်ပြီးတက်ဖို့လဲ ရှိပါသေးတယ်။ ဘတ် ၁၀၀၀ ကို မြန်မာငွေ ၁ သိန်းဖြင့်ရင်တော့ တိုင်းပြည်အတွက် မစဉ်းစားရဲစရာပါပဲ။ အရှိန်နဲ့ တိုးတက်တော့မယ့် တိုင်းပြည်က ချောက်ကမ်းပါးထဲ လုံးလုံးကျသွားခဲ့ရပါပြီ။ KoTharGyi