တရက်တသိန်း တက်နေတဲ့ ကားဈေးနဲ့ ထိန်းမနိုင်သိမ်းမရ အခြေအနေ ရောက်နေကြတဲ့ အဖြစ်

ထိန်းမနိုင် သိမ်းမနိုင် ထိန်းမရ သိမ်းမရ ဖြစ်နေသောကား ဈေးများ။ ကားလောကမှဆရာကြီးများပင် နားမလည်နိုင်တော့သည့် ကားဈေးကွက်ဖြစ်နေသည်။

ပုံမှန်ဆို နှစ်စဉ်နှစ်တိုင်း 4 လပိုင်း သင်္ကြန်ပြီးရင်ကားဈေးကျနေကျ အနဲဆုံးတော့ ကားဈေးအေးပြီးအရောင်းအဝယ်ရပ်နေကြပါ ဒီနှစ်တော့ ထင်ထားသလိုမဟုတ်တော့ပါ သင်္ကြန်မလာခင် မှလဲ ကားဈေးတက်ပြီး သင်္ကြန်ပြီးတော့ ကားဈေးကျမှာပဲလို ထင်ပြီးမဝယ်ဖြစ်လို့ သင်္ကြန်ပြီးတော့ စောင့်ဝယ်နေကြတာ

သင်္ကြန်သာပြီးသွားလို့ ၅ လပိုင်း လလယ်သာရောက်လာတယ်။ ကားဈေး 3/4လပိုင်းထက် သိန်း 50 လောက်ပိုတက်သွားတယ်။ ဒီတော့ 5လပိုင်းမှာအလုအယက်ဖြစ်ကုန်ရော အိမ်စီကားပြန်အရောင်းမရှိလို့ ကားဝယ်ရောင်းအများစုသည် ကားဝယ်ရောင်း လက်ထဲမှာကားကောင်းတွေ့လျှင် သူ့ဝယ်ရောင်းအချင်းချင်း ပြန်တောင်းဝယ်နေရသည် အချိန်သို့ရောက်လာပါသည်။

ကားမရောင်းရရင် ကားဝယ်ရောင်းများပျော်နေသည် ခေတ်ဖြစ်နေပါသည်။ ကားဈေးသည် တစ်ရက်မရောင်းရရင် ငွေတစ်သိန်း တက်နေပြီး ကားဝယ်ရောင်းဈေးကောင်းရလို့ ရောင်းပြီး နောက်နေ့ ကားပြန်ရှိလို့ ရက်ကြာလာသည်နင့်အမျှ သူရောင်းထားသည့် ကားထက်နိမ့်သောကားကို သူရောင်းထာသည့် ဈေးထက် 5 သိန်းပိုပေးဝယ်လိုက်ရလို့ အရှုံးပေါ်နေဟုပြောပြလာပါသည်။

ကားဈေး တစ်ရက်တစ်သိန်းတက်နေတာနော် ဒီတော့ ကားကောင်းရင် ဒီလမှာ သိန်း 300 လာပေးဝယ်ရင် နောက်လမှာ 330 သိန်းလို့ သာမှတ်လိုက်တော့ (Soe than ကန်တော့ရိပ်) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page