နှစ်သစ်ကူး ဘောနပ်အဖြစ် ဝန်ထမ်းတဦးစီကို လ ၄၀ စာ လစာ ပေးလိုက်တဲ့ ကုမ္ပဏီကြီး

ထိုင်ဝမ်သတင်းပါ ကိုဗစ်ရောဂါကြီးကြောင့် ကမ္ဘာတဝန်း စီးပွားပျက်နေချိန် အထူးသဖြင့် လေကြောင်းလိုင်းများ ၊ ခရီးသွား အေဂျင်စီများ တခုပြီးတခု ပြိုလဲနေချိန်တွင် ပင်လယ်ကူးသင်္ဘောလုပ်ငန်းများ အလွန်စီးပွားကောင်းလျက်ရှိနေပါသည်။

ယနေ့မနက် ကမ္ဘာ့အကြီးဆုံးရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများထဲတွင် ထိပ်ဆုံးအထဲမှာရှိသော ထိုင်ဝမ်အကြီးမားဆုံး ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီကြီးဖြစ်သော Evergreen Marine Taiwan မှ ထုတ်ပြန်ကြေညာသော သတင်းတခုကြောင်း ထိုင်ဝမ်တနိုင်ငံလုံး အလွန်အံ့ဩအားကျမိနေကြပါသည်၊

သူ၏ကုမ္ပဝန်ထမ်းအားလုံးကို ၂၀၂၁နှစ် Bonus အတွက် ပျှမ်းမျှ တဦးစီလျင် ၄၀ လစာ ပေးသွားမည်ဟု ကြေညာသွားသောကြောင့်ပါ၊

လစာ တသိန်း သုံးသောင်း (အမေရိကန် ဒေါ်လာ ၄၆၀၀ကျော်ရသော) အရာရှိငယ်တဦးသည် ၈၂ လ စာ ရရှိပြီး တကြိမ်ထဲ အမေရိကန် ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် Bonus ငွေရရှိခဲ့ပြီး လစာ ၃သောင်း၉ထောင် (အမေရိကန် ဒေါ်လာ ၁၃၀၀) ခန့် ဝန်ထမ်းတဦးသည် ၃၈ လစာ ရရှိခဲ့ပါသည်၊

ဪ သူများနိုင်ငံ၊ သူများကုမ္ပဏီကြီးတွေ ရက်ရောလှပါလား၊ အားကျဖွယ်ပါ။

Koko Thu 30-12-2021

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page