ကျပ် (၂၀၀) ထဲနဲ့ ဟင်း (၂) ခွက် ရမယ့်ဆိုင် (ဒလမြို့က အခြေခံလူတန်းစားတွေ ဝမ်းသာစရာပါ)

ဒလမြို့နယ်မှာ အခြေခံလူတန်းစားတွေ အတွက် ပထမဆုံး ကျပ် ၂၀၀ တန်ဟင်းကို ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မှာရောင်းချပေးခဲ့ပါတယ်။

ကျပ် ၂၀၀ တန်ဟင်းမှာ ဘဲဥကလားဟင်း နဲ့ အရွက်ကြော် ပါဝင်ပြီးတော့ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ၁၀ နာရီကစပြီးတော့ ဒလမြို့နယ် ဆရာစံ(၃)လမ်း စက်မြေရပ်ကွက်မှာ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အခြေခံလူတန်းစား များတဲ့ ဒလမှာ ထမင်းတနပ်ဆို ဆိုသလောက် သက်သာစေချင်တဲ့ စိတ်နဲ့ လုပ်ဖြစ်ကြောင်း၊ ကိုယ်တိုင်ကလည်း အခြေခံလူတန်းစား ဘဝက လာရတာဖြစ်လို့ ဒုက္ခတွေကို စာနာမိကြောင်း ရောင်းချပေးတဲ့ မမြတ်သူဇာထွန်းက ပြောပါတယ်။

ကျပ် ၂၀၀ တန်ဟင်းကိုတော့ ကိုယ်ထူကိုယ်ထ တပိုင်တနိုင် ရောင်းချပေးတာဖြစ်ပြီးတော့ ‌အလှူရှင်တွေ ဝန်းရံမှု ရှိရင်တော့ ရေရှည်လှူဒါန်းပေးသွားမှဦ ဖြစ်ပြီး မရှိရင်လည်း နိုင်သရွေ့ ဆက်လက် လုပ်ဆောင်သွားမယ် လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ အယောက် ၅၀၀ စာအတွက် ရောင်းချပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ ရန်ကုန်အပြင် အခြားမြို့နယ်တွေမှာလည်း ကျပ် ၅၀၀ တန်ထမင်းဟင်းကို အခြေခံလူတန်းစားတွေအတွက် ရောင်းချမှုတွေ နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့ စီစဉ်ဆောင်ရွက်ပေးကြတဲ့ စေတနာဇောတိက ဝေယျာဝစ္စ ဒါနရှင်တွေလည်း မတောင့်မတ မကြောင့်မကြတဲ့ ဘဝကို စံစားခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page