ပုဂံဘုရားတွေထဲမှာ ဈေးဆိုင်ဖွင့်ခြင်း အနုပညာ (နောက်ဆို စားသောက်ဆိုင်ပါ ဖွင့်ပါတော့မယ်)
ပုဂံဘုရားတွေထဲမှာ တရားဝင်ဈေးဆိုင်ဖွင့်ခွင့် ရနေတဲ့ အကြောင်းကို ဗိသုကာပညာရှင် ကိုဇေမျိုးလင်း ရေးသားထားချက်အား ပြန်လည်ဖော်ပြပေးလိုက်ပါတယ်-
မိတ်ဆွေတစ်ယောက်က ပို့ပေးတော့ ဘာဖြစ်တာလဲ ဘုရားထဲရေဝင်တာလားဆိုပီး ပြူးပြဲရှာတာပေါ့။ ရှာမရတဲ့အဆုံး ဘာဖြစ်လို့ဒီပုံပို့ပေးတာလဲဗျလို့မေးတော့မှ
အာ ကိုလင်းကလည်း ဘုရားထဲမှာ စျေးဆိုင်တွေဖွင့်နေတာလေ တဲ့။ သူပြောတော့မှ သတိထားမိတယ်။ ပုဂံကဘုရားတွေလည်း စျေးရောင်းနေရဘီထင်ပါရဲ့။
စျေးဆိုင်ပိုင်ရှင်ရဲ့ရှေ့က လူ ၃ ယောက်မှာ ၂ ယောက်ကိုတော့သိတယ်။ ရှေး/သု ဌာနက။ သူတို့ဌာနကတောင် ခွင့်ပြုထားသေးရင် ကျနော်က ဘာမှပြောစရာမရှိဘူးရယ်။