သွားတဲ့ သူတိုင်း စိတ်ဆင်းရဲရတဲ့ ရန်ကုန်တိရစ္ဆာန်ရုံ ပိုင်ရှင်ကို တရားစွဲဖို့ တိချစ်သူများ ကြိုးစားမည်ဟုဆို
ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် ပိုင်ရှင်ကို တရားစွဲချင်လို့ခဗျ ဒီကိစ္စလေးတော့နည်းနည်းလောက် ဂရုတစိုက် (Awareness) လုပ်ပေးကြပါ။
၁။ တိရိစ္ဆာန်များကို စိတ်ပိုင်းဆိုင်ရာ အရညှင်းဆဲထားခြင်း၊ ၂။ အစာရေစာလုံလောက်စွာ ကျွေးမွေးမှူမရှိခြင်း၊ ၃။ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုနဲ့ အနံအသက် ကောင်းမွန်မှုမရှိခြင်း။
ရန်ကုန်တိရိစ္ဆာန်ရုံကို သင်သွားလည်ပြီး ပြန်လာရင်တော့ သင်ဟာ လူသားစစ်စစ်တယောက်ဆိုရင် အဲ့ကနေသင်ပြန်ယူဆောင်လာမယ့် အရာကတော့ ပျော်ရွှင်မှုတွေ မဟုတ်တာတော့ အသေချာပါပဲ။ အိမ်ရောက်ရင် တွေးနေရလိမ့်မယ်။ အတွေးတွေနောက်မှာတော့ ဒေါသ နာကျင်မှုနဲ့ စိတ်မကောင်းမှုများစွာဖြင့်ပေါ့။
နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ ယခုလက်ရှိ ဟိုးအရင်ကလေးဘဝတည်းကနှစ်ပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကြီးကို အခုတော့ 100 မှာ 0 ပဲrating ပေးချင်ပါတယ်။
ခြေလေးချောင်း အများစုဟာ များသောအားဖြင့် အစာရေစာ လုံလောက်မှုမရှိတာကြောင့် အရိုးပေါ်အရေတင်နေခြင်း၊ အစာကျွေးမည့်နေရာ အနားမှာပဲ ကျွေးသူ လာလာမလာလာ စောင့်နေရခြင်း၊ အဲ့ဒီအချက်များကြောင့်နောက်က mental illness ဖြစ်နေသည့်အမူအရာများကို ကြည့်ရုံဖြင့်သိနိုင်ခြင်း။
မြည်းပုဟုဆိုကာ တစ်ခြံတည်းတွင် အထီးကျန်အောင် လှောင်ပိတ်ပြသထားခြင်း။ စတဲ့အကြောင်းတွေကြောင့် သွားရောက်လည်ပတ်ကြတဲ့ အများပြည်သူအဖို့ စိတ်မကောင်းခြင်းများစွာ နေ့တဒူဝ မြင်တွေ့ခံစားနေကြရတာပဲ ဖြစ်ပါတယ်။
အဓိကအကြောင်းရင်းကတော့ သွားမလည်ဖို့ထက် ဒီကိစ္စကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အဖွဲ့စည်းမျိုးကို ကျနော်တို့ အင်မတန်လိုအပ်ပါတယ်။ Animal rights နဲ့ ဥပဒေအရာမှာ ကျွမ်းကျင်လိမ္မာတဲ့ပညာရှင်များစွာလည်း ကျနော်တို့ လိုအပ်ပါတယ်။ ဒီလောက်ပါပဲ။ (Htun Thurein)