အကြောင်းအမျိုးမျိုးကြောင့် ပတ်စ်ပို့စ်လုပ်မယ့်သူတွေအတွက် စိတ်မကောင်းစရာ သတင်း
ပတ်စ်ပိုစ့် ကိုအကြောင်းအမျိုးမျိုးကြောင့် လုပ်မယ့်သူတွေ ကို စိတ်မကောင်းစွာနဲ့ အသိပေးပါရစေ။ ရန်ကုန်ရုံး အပါအဝင် တစ်နိုင်ငံလုံးက ပတ်ပိုစ့် ရုံးတွေ အားလုံးမှာ ခုလောလောဆယ် စာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ PJ ကနေ PV ပြောင်းတာ၊ PV ကနေ PJ ပြောင်းတာ၊ စာအုပ်ထုတ်တာ စတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို နားထားပါတယ်။
ရှင်းရှင်းပြောရရင် ပိတ်ထားပါတယ်။ ဘာကြောင့်ပိတ်တယ် ဆိုတာထက် ပိတ်ချင်လို့ပိတ်တယ်၊ ပိတ်ခိုင်းလို့ပိတ်တယ် လို့ပဲ နားလည်လက်ခံထား စေလိုပါတယ်။ ဘယ်တော့ပြန်ဖွင့်မလဲ။ မမေးပါနဲ့။ ဖွင့်ချင်တဲ့အချိန် ဖွင့်ပါလိမ့်မယ်။ ဖွင့်ခိုင်းသူ ရှိရင် ဖွင့်ပေးပါလိမ့်မယ်။
အရိုးရှင်းဆုံး နားလည်ထားသင့်တာက မဖွင့်မချင်း ပိတ်မယ်ဆိုတာပါပဲ။ အဲဒီတော့ ပတ်စပိုစ့်လုပ်ချင်တဲ့သူများ ဘာမှလုပ်ဖို့ မကြိုးစားကြပါနဲ့။ ခုလောလောဆယ် နိုးပါ။ ကျောင်းတက်ဖို့ အတွက်လား။ သင်္ဘောတက်ဖို့အတွက်လား။ စာမေးပွဲဖြေဖို့အတွက်လား။ အလုပ်သွားလုပ်ဖို့ အတွက်လား။ ဆေးကုဖို့ အတွက်လား။ အားလုံးအတွက် နိုးပါ။
ဒီရက်ပိုင်းအတွင်း စာအုပ်ရမှ အားလုံး အိုကေ ဖြစ်မယ်သူတွေ နိုး အိုကေလို့ပဲ သဘောပါလိုက်ကြပါ။ မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ အကုန်လုံး ရေစုန်မျောသွားပြီ လို့သာ မှတ်လိုက်ကြပါ။
အဲဒါကိုမှ ဘာလမ်းကြောင်း ညာလမ်းကြောင်း လို့ ပြောတဲ့သူတွေကို လက်ညှိုးညွှန်ရာ စာအုပ်ဖြစ်တယ်ထင်ပြီး ယုံမှတ်လို့ ပုံအပ်ချင်သပဆိုလည်း မိတ်ဆွေတို့သဘော။ ယောယောရှိပါ။ (Daw Ayeayemu)