ပစ္စည်းလာဝယ်သလိုနဲ့ ဆိုင်ရှင်ကို တပတ်လှည့်ပြီး လုပ်စားနေတဲ့ အမျိုးသမီး (ဂရုစိုက်ကြပါ)
လူလိမ် ဂရုပြုရန်၊ ဆေးလာဝယ်တယ်။ ဟိုဆေးရှိလား ဒီဆေးရှိလား ၃ ၄ မျိုးလောက်မေးပြီးပြခိုင်းတယ်။ ကလေးက ၃ နှစ် ထမင်းမစားလို့ဘာဆေးတိုက်ရမလဲမေးတယ်။
ရှင်းပြပြီးတော့ ဆေးနှစ်မျိုးယူမယ်ပြောတယ် (ပိုင်ကွန်ပေါင်း မီကိုခရင် တစ်ဘူးနဲ့ ကယ်လ်ဒရိုင်း တစ်ဘူး)၊ ၁,၀၅၀ ကျတယ်ဆိုတော့ ဟိုနေ့က ၁၀၀ ပြန်အမ်းဖို့ကျန်တယ်လို့ပြောတယ်။ ဆိုင်က ညီလေးနဲ့ ညီမလေး ထမင်းစားပြန်သွားတော့ ဪ သူတို့များသိမလား ၁၀၀ ဆိုတော့လည်း ဒါဆိုလည်း ၉၅၀ ပဲပေးသွားဆိုတော့ ၄၀၀၀ ပြန်အမ်းပါတဲ့။
အမ် ပိုက်ဆံမပေးရသေးဘူးလေဆိုတော့ ကလေးအားဆေးမမေးခင်တည်းက ၅၀၀၀ တန်တစ်ရွက်ပေးလိုက်တာလေတဲ့။ မပေးရသေးဘူး၊ ပေးပြီးပြီလေ။ မပေးရသေးပါဘူးဆို၊ ပေးပြီးပါပြီဆို ဒီမှာတွေ့လား ပိုက်ဆံအိတ်ထဲမှာ အကြွေပဲရှိတော့တယ် ၅၀၀၀ တန်ပေးပြီးပြီ ဆိုပြီး အိတ်ဖြဲပြ။
ကဲ ဒါဆိုခဏစောင့်၊ စီစီတီဗီလေး ပြန်ကြည့်လိုက်ဦးမယ် ဆိုတော့ အာ့ဆိုကြည့်ထားလိုက် အိမ်မှာမေ့ခဲ့လားမသိဘူးဆိုပြီး လှည့်ပြေးပါလေရော။ ရိုးရှင်းတဲ့ လှည့်ကွက် (Simple trick) ပေမယ့် တစ်ယောက်တည်းရှိနေချိန်တို့ အူတူတူဖြစ်နေချိန်တို့ဆို လိမ်ခံရနိုင်လို့ သတိထားနိုင်ကြပါရန်။
(ဆေးဆိုင်က မြောက်ဥက္ကလာ ၆ ကွေ့လမ်းဆုံမှာပါ။ အဲ့အမျိုးသမီးက ဘယ်ဘက်လက်မောင်းမှာ တက်တူးကြီးကြီး တစ်ခုပါပါတယ်။ ဘာအရုပ်ထိုးထားမှန်းတော့ မမှတ်မိလိုက်)