ရွှေကုန်သည်များအသင်းက ရွှေ (၁၂) ပိဿာကျော် အရှုံးခံ ရောင်းချပေးမယ့်ဈေးကို ကြေညာလိုက်ပြီ

ရန်ကုန်ရွှေကုန်သည်များအသင်းက ရွှေ (၁၂) ပိဿာ ကျော်ကို ၂၅ သိန်း အတိဈေးနဲ့ ရောင်းချပေးမယ်လို့ ကြေညာလိုက်ပါတယ်။ လက်ရှိအချိန်မှာ ပြင်ပပေါက်ဈေးက ၂၅ သိန်း ၉ သောင်း ၅ ထောင် ဖြစ်တာကြောင့် တသိန်း နီးပါး အရှုံးခံရောင်းပေးတယ်ဆိုတဲ့ သဘော ဖြစ်နေပါတယ်။

ရွှေကုန်သည်များအသင်းက ရွှေရောင်းမယ့် ဂယက်ကြောင့် ယမန်နေ့က စတင်ပြီး ရန်ကုန်တမြို့လုံးက ရွှေဆိုင်တွေက အခေါက်ရွှေ ရောင်းချမှုကို ပိတ်လိုက်တယ်လို့ သိရပါတယ်။

ပုံသေသတ်မှတ်လို့ မရတဲ့ ရွှေဈေးနှုန်းကို အတင်းထိန်းချုပ်ပြီး အရှုံးခံရောင်းပေးခြင်းဟာ မြန်မာ့ရွှေဈေးကွက်ကို ကမောက်ကမဖြစ်သွားစေနိုင်တယ်လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူများက စိုးရိမ်နေကြပါတယ်။

ယနေ့ နေ့လည် ၁ နာရီအချိန်မှာ ရွှေကုန်သည်များ အသင်းရုံးမှာ စတင်ရောင်းချပေးမှာ ဖြစ်ပြီး လာရောက်ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္ထူတစ်စုံစီယူဆောင်လာရမယ်လို့ သိရပါတယ်။

ရန်ကုန်ရွှေကုန်သည်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကတော့ ရွှေဈေး မကျမချင်း အရှုံးခံပြီး ရွှေတွေ ဆက်တိုက် ရောင်းပေးသွားမယ်လို့ အစောပိုင်းက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page