၁၀ သိန်းတန် တီဗီကြီး တက္ကစီကားပေါ်မှာ မေ့ထားခဲ့တဲ့ အဖြစ်နဲ့ ရိုးသားလွန်းတဲ့ ကားဆရာကြီး
ကြံကြံဖန်ဖန် အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလိုပါပဲဗျာ။ သယ်လာတဲ့ တီဗီ (၂) လုံးကို တက္ကစီ ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ အဖြစ်ပါ။ ဒါပေမယ့် ရိုးသားတဲ့ ကားဆရာကြီးကြောင့် မပျောက်ပျက်ဘဲ ပြန်ရသွားတဲ့ အဖြစ်အပျက်လုံးကို ပြန်လည် ဖော်ပြလိုက်ပါတယ်-
အိမ်ကအငယ်ကောင် TV သယ်လာခိုင်းတာ ကားပေါ်မေ့ပါသွားလို့ ဂယောင်ချောက်ချားဖြစ်နေတာ ကားဆရာကြီးက အိမ်တောင်မသိပဲ။ သူဆင်းတဲ့နေရာနားမှာ ပြန်ပေးချင်လို့ တကူးတက ပြန်လာပြီး ရပ်စောင့်နေရှာတယ်။
ကျေးဇူးကြီးလိုက်တာ၊ မဟုတ်ရင် ၁၀ သိန်းလျော်ရတော့မလို့၊ ဒီခေတ်မှာ လူကောင်းသူကောင်းတွေ သိပ်ရှားသွားပြီ။
နေ့တိုင်းကားဆွဲကောင်းပြီး အစစအရာရာအဆင်ပြေပါစေ ဦးလေးရေ။ ငွေသားအနည်းငယ် ပြန်ကန်တော့လိုက်ပါတယ်။ (Moe Pwint Phyu)