အတ္တ မလျှော့ကြတဲ့ လူတွေကြောင့် မရေမရာ ဖြစ်လာတဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်

ဘိုင်ဒန်နဲ့ ပူတင်တို့ နာရီနဲ့ချီကြာမြင့်တဲ့ Ph ပြောဆိုမှုက ပြီးသွားပါပြီ။ ရုရှားက ကျူးကျော်ရင် အင်မတန်ကြီးမားတဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်လို့ ဘိုင်ဒန်က ပူတင်ကို သတိပေးလိုက်ပြီး အခြားသဘောတူညီချက်တော့ ဘာမှမရခဲ့ပါဘူး။ သဘောကတော့ စစ်မတိုက်ဖို့ သဘောတူညီမှု မရခဲ့ဘူးပေါ့။

ယူကရိန်းက အမေရိကန်နိုင်ငံသားတွေ၊ ဗြိတိန်၊ ဂျာမနီအစရှိတဲ့ နိုင်ငံသားတွေ အကုန် အမြန်ထွက်ခွာဖို့ တိုက်တွန်းနေသလို သံရုံးဝန်ထမ်းတွေအကုန်ကိုလဲ ကယ်ထုတ်ပြီးသွားကြပါပြီ။ အမေရိကန်စစ်တပ်က စစ်သင်တန်းလာပေးတဲ့ စစ်အရာရှိတွေလဲ ယူကရိန်းကပြန်သွားကြပါပြီ။ လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကတော့ စစ်ပွဲဟာ မကြာခင်ပဲ စတင်နိုင်တယ်လို့ အသိပေးလိုက်ပါတယ်။

ပထမဆုံးတိုက်ခိုက်မှုဟာ လေကြောင်း သို့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြသနာက အမေရိကန်က ဘယ်လောက်ဝင်ပါမလဲဆိုတာပါပဲ။ တရုတ်က ရုရှားဘက်က ပါသယောင်ပြောပေမယ့် လက်တွေ့မှာ စစ်သား တယောက်တောင် မလွှတ်ထားပါဘူး။ ကမ္ဘာစစ်ဖြစ်ရင် ဒါကို အခွင့်အရေးယူပြီး စူပါပါဝါအဖြစ် တက်လှမ်းဖို့ ရည်ရွယ်နေပုံရပါတယ်။ အမေရိကန်ကလဲ ယူကရိန်းကို နောက်ကနေ ကူဖို့ပဲ အဓိကထားပုံရပြီး လက်တွေ့မှာ တရုတ်ကိုပဲ ရင်ဆိုင်ဖို့ ပြင်ထားပုံပါပဲ။

ဥရောပတိုက်ကို စစ်တလင်းမဖြစ်စေချင်တာကတော့ ဥရောပသားတွေပါပဲ။ ဒါကြောင့် ပြင်သစ်သမ္မတနဲ့ ဂျာမနှအဓိပတိဟာ ရုရှားထိ သွားပြီး ကရင်မလင်နန်းတော်မှာ ပူတင်နဲ့ ဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပဘူး။ ဘိုင်ဒန်နဲ့ ပူတင် ယနေ့ ဖုန်းပြောတာက နောက်ဆုံးဖြစ်နိူင်ပြီူ မကြာခင် တစုံတရာဖြစ်နိုင်ပါတယ်။

တကမ္ဘာလုံးက ဒီလူအဲလောက် မမိုက်လောက်ဘူးထင်ပေမယ့် ဖြစ်ခဲ့တာတွေက အတိတ်မှာ တပုံတပင်ပါ။ တခါတလေ ဦးနှောက်အတွေးအခေါ်တွေက အံ့ဩရလောက်အောင် ညံ့ဖျင်းပါတယ်။ အနာဂတ်က မသေချာဘူး။ မရေရာဘူး။ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူးလို့ ဥရောပခေါင်းဆောင်တွေက ဝန်ခံနေပါပြီ။

ကျနော်တို့ အခုည အိပ်စက်နေချိန်မှာပဲ စစ်ပွဲစတင်ခဲ့ရင်တော့ မနက်ဖြန်မှာ ကျနော်တို့ အိပ်ယာက နိုးထလာချိန်မှာ အင်မတန်ကြီးကျယ်တဲ့ စစ်ပွဲကို ကြုံတွေ့နေရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ စစ်ဘေးဖြစ်လာရင်၊ တကမ္ဘာလုံး ပါဝင်တဲ့ ကမ္ဘာစစ်ဖြစ်ခဲ့ရင်တော့ အဲဒါဟာ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ်ပါပဲ။

အိုင်းစတိုင်းက ပြောခဲ့ပါတယ်။ စတုတ္ထကမ္ဘာစစ်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ တတိယကမ္ဘာစစ်မှာပဲ လူသားအကုန် သေဆုံးသွားကြမှာမို့ပါပဲတဲ့။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page