ဒူဘိုင်းသွားမယ့်သူတွေ ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်ထားရမယ့် အချက်တွေနဲ့ အေးဂျင့်လူလိမ်တို့ရဲ့ စကားများ
မရေးချင်ပေမယ့် နည်းနည်းရေးဦးမယ်။ ခုလို တိုင်းပြည်ပျက်နေတဲ့ချိန်မှာ ဒူဘိုင်းမလာပါနဲ့လို့ မပြောဘူး မလာနဲ့ ပြောပြန်လည်း ပြောတဲ့သူကို ပြန်မေးကြတာပဲ။
မေးခွန်းပေါင်း သောင်းခြောက်ထောင် စေတနာ အမဲ့ဆုံးမေးခွန်းက ငါတို့က သူတို့နေရာ သွားလုမှာ ကြောက်လို့ မလာခိုင်းတာလား ဆိုပြီးတော့ လားမေးခွန်းပေါင်း သောင်းခြောက်ထောင် ၊ ပြောချင်တာက ခင်ဗျားတို့လာလုရအောင်လည်း စီနီယာတွေက ခုမှလာတဲ့ ကောင်တစ်ကောင်မှ မပါလို့ ပြိုင်လုနေဖို့လည်းအချိန်မရှိ ကိုယ့်အလုပ်နဲ့ကိုတောင် ဖျင်းယားတောင် ကုတ်ချိန် မရှိကြပါဘူး။
ကဲ ထားပါ ပြောချင်တာစမယ် ခင်ဗျားတို့က ကိုယ့်ပိုက်ဆံကိုယ် သိန်း ၄၀ သိန်း၅၀ အေးဂျင့်အလိမ်တွေကိုပေးပြီးလာတာက ခင်ဗျားတို့အပိုင်း။ မလာနဲ့လို့လည်းမပြောသလို ပြောခွင့်လည်းမရှိပါ။ ပြောချင်တာ ဒီရောက်မှ အကိုကယ်ပါ အမကယ်ပါ အရပ်ကူပါ လူဝိုင်းပါဆိုပီး အော်ကြတဲ့သူတွေကအော် တချို့ကလည်း မြန်မာချင်းချင်းတောင်မကူကြဘူး ဘာညာ အသံမျိုးစုံတီးဝိုင်း။
ထားလိုက် ဒီထိပြဿနာမရှိသေး ကူညီနိုင်တဲ့သူ ကူညီမယ် မနိုင်တဲ့သူ မတွေ့တဲ့သူ မကူညီနိုင်ဘူး။ ဒါလည်းကိစ္စ မရှိ ပြသနာက ခုမှစမယ်။ မေးချင်းတာတွေ မေးဦးမယ်။ ဒီနိုင်ငံလာဖို့ကော ဘယ်လောက်လေ့လာထားသလဲ၊ နိုင်ငံအကြောင်း၊ နေစရိတ်၊ စားစရိတ်၊ သွားလာစရိတ်၊ ဆေးကုသစရိတ်၊ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ဘာသာစကားကျွမ်းကျင်မူ ဘယ်လောက်တတ်ခဲ့ပြီးပြီလဲ။ သင်ခဲ့ပြီးပြီလဲ။
နောက်အရေးကြီးဆုံးတစ်ချက်က လုပ်ငန်းအတွေ့အကြုံကို လုပ်ရမယ့်အလုပ်နဲ့ ပတ်သက်တဲ့ knowledge ဘယ်လောက် လေ့လာပြီးပြီလဲ၊ လေ့လာခဲ့သလား၊ ခုလိုမေးနေတာတွေ ဆရာကြီးလုပ်ပြီး မေးတယ်ထင်ဦးမယ်။
တချို့ကလည်း တကယ်လိုအပ်လို့ပဲမေးတာပါ ဘာလို့ဆိုတော့ ခုချိန်မှာ တရားဝင်အလုပ်ဗီဇာပိတ်ထားတဲ့အတွက် (နိုင်ငံတွင်းရောက်နေသူပဲ ဦးစားပေးခေါ်ပါတယ်) မြန်မာနိုင်ငံက လွှတ်နေတဲ့ အေးဂျင့်အကုန်အလိမ်ပါ။
နောက်တစ်ချက် အေးဂျင့်တိုင်းရဲ့ ပြောစကား တစ်လ ၅ သိန်းနဲ့ ၆ သိန်း အထက်ရမယ်ဆိုပဲ။ အာ့တော့ မလိမ်ဘူး။ သန့်ရှင်းရေးအလုပ်သမားတောင် တစ်လ ၆သိန်း ၇သိန်းရပါတယ်။ ဒါမယ့် အေးဂျင့်လိမ်တွေ အမှန်တိုင်းမပြောတာ တစ်ခုက နေစရိတ်နဲ့စားစရိတ် သွားလာစရိတ်ပါ။
ဒီနိုင်ငံမှာ ဒူဘိုင်းလိုနေရာထဲမှာဆို ကုတင်တစ်လုံးစာကို မြန်မာငွေနဲ့ တစ်လကို ၇သိန်းနဲ့ ၁၀သိန်းကြားရှိပါတယ်။ တခြားမြို့မှာဆိုရင်တော့ ၅သိန်းနဲ့ ၆သိန်း ရှိပါတယ်။ တော်ရုံတန်ရုံအိပ်လို့ရမယ့်အခန်းတွေပါပဲ။ ဒါကနေဖို့ပဲ။ စားဖို့နဲ့ ခရီးစရိတ်မပါသေးပါ။ (တချို့ အပြင်အလုပ်ကတော့ နေစရိတ်နဲ့ ကားခပေးပါတယ်။ ဟော်တယ်မှာ ရရင်တော့ နေစားကား ငြိမ်းပါတယ်)
နောက်တစ်ချက် မြန်မာပြည်ကလာတဲ့သူ အားလုံးက ဘာစကားကျွမ်းကျင်မူအားနည်းပါတယ်။ သန့်ရှင်းရေးတောင် စကားမတတ်ရင် မခန့်ဘူးဆိုတာလည်း နားလည်ထားကြဖို့လိုမယ်။ အဲဒါက ပိုအရေးကြီးဆုံးချက်ပဲ ဘာလိုဆိုတော့ အင်တာဗျူးဝင်ဖြေရမယ်ဟေ့ဆိုရင် နိုင်ငံပေါင်းစုံက လူအားလုံးနဲ့ ပြိုင်ပြီး ပြောရဖောရမှာပါ။
အေးဂျင့်လိမ်တွေကတော့ myself လောက်ပြောရင်ရပြီ ဆိုပြီးပြောနေကြတာတွေ ဒုနဲ့ဒေး ကိုယ့်ကိုကိုယ်လည်းသိရမယ် ငါသွားမယ့်နေရာက Myself ကို အလွတ်ဖတ်ပြမယ့် နေရာလား နိုင်ငံတကာ လူတွေနဲ့ ပြိုင်ပြောရမယ့်နေရာလား ဆိုတာ ကွဲကွဲပြားပြားသိထားဖို့လည်းလိုမယ်။
နောက်ဆုံးအချက်က လုပ်ငန်းအတွေ့အကြုံ သန့်ရှင်းရေးနဲ့ လာတဲသူလည်း ရေဗုံးယူခိုင်းရင် အမှိုက်ကြုံးတဲ့ဂေါ်သယ်လို့သယ်။ waiter တွေကလည်း ဒီ wine က ဘယ်ကထုတ်လည်းမေးရင် ပါးစပ်ကထွက်တဲ့ နိုင်ငံပြောလို့ပြော။ Brut လိုပြောရင် sweet ယူလာတဲ့ကောင်ကလည်းယူလာ ပြောချင်တာက ကိုယ်လာမယ်အလုပ်နဲ့ကိုက်ညီတဲ့အရည်ချင်းရှိဖို့လည်းလိုတယ်။
အဆိုးဆုံးတစ်ခုက မြန်မာတွေ ကူညီမှာပဲဆိုပြီး လာကြတာ နိုင်ငံခြားမှာ ဘယ်သူမှဘယ်သူကို အကြာကြီးမကူညီနိုင်ကြပါ။ အကုန်လုံးအလုပ်ကိုယ်စီနဲ့ပါ တချို့က အဆင်မပြောတော့လည်းတောင်းစား ပြန်မယ်ဆိုတဲ့စိတ် အလိုမတွေးလိုက်နဲ့ ဒီနိုင်ငံမှာ တောင်းစားခွင့်ပါမစ်ဘယ်သူကိူမှမပေးပါ သိထားကြပါ။ မိရင်ဖမ်းနိုင်တယ်။
လာကြပါအသိရှိရင် မိသားစုဆွေမျိူးရှိရင် နောက်ဆုံးပြောချင်တာက လာကြပါ ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ အချက်တွေတော့ ပါလာဖို့ မမေ့ဖို့လိုမယ်။ ဖြစ်သလို လာကြပြီး ဒီရောက်မှ ဖြစ်သလိုနေရတော့မှ ဟိုလူမကယ်လို့ ဒီလူမကယ်လို့ဆိုပြီး ဘယ်သူ့ကိုမှ အမုန်းမရှာကြဖို့ပဲ လိုပါတယ်။ ဒီလာက်ပါပဲ ဆင်ခြင်နိုင်ကြပါစေ။
Aung Aung